အောက်တိုဘာ ၁၈၊၂၀၂၆။သုည/People’s Spring
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို ကရင်နီ၊ ရခိုင်၊ ချင်းနဲ့ ကရင် စတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေအပါအဝင် မဲလ်ဘုန်းရောက် မြန်မာနိုင်ငံသားတွေ တက်ရောက်ခဲ့ကြပြီး စစ်တပ်ရဲ့ ဗုံးဒဏ်သင့် သေဆုံးခဲ့ကြရတဲ့ ပြည်သူတွေအတွက် စုပေါင်း ဆုတောင်းခဲ့ကြပါတယ်။
သြစတြေးလျရောက် မြန်မာပြည်သူတွေက “Anti Military Dictatorship & Reject the Sham President, Stop Bombing” ၊ “Stop Bombing Civilians , Myanmar Junta Airstrike Kill Civilians” ၊ “ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်ကို ရှုတ်ချဆန္ဒပြကြ” စာသားတွေနဲ့ စစ်အာဏာရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထား အကြမ်းဖက်ဗုံးကြဲနေတာ ရပ်တန့်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement
ဒါ့အပြင် “Free Her, Free Aung San Su Kyi” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ကိုင်ဆောင်ကာ Free Her Campaign ကိုလည်း လုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။



















































