Connect with us

Hi, what are you looking for?

News

CDFနှင့် စစ်ကောင်စီတပ်တို့ မင်းတပ်တွင် လက်နက်ဖြင့် စောင့်ကြည့်စစ်ဆေး ပစ်ခတ်ခြင်းမလုပ်ရန် အပါအဝင် အချက် ၅ချက် သဘောတူညီချက်ရ

အစိုးရ ဌာနဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောက်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်းများ မပြုလုပ်ရန် ၊ CDM ဝန်ထမ်းများကို အတင်းအကျပ် ဖိအားပေး၍ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်စေခြင်း မပြုလုပ်ရန် အချက်ကို သဘောတူညီခဲ့သည်ဟု ဆိုသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် မြို့ပေါ်တွင် လက်နက်ဖြင့် ကိုင်ဆောင်စောင့်ကြပ် စစ်ဆေးပစ်ခတ်ခြင်းများ မပြုလုပ်ရန် အပါအဝင် စစ်ကောင်စီတပ်နှင့် အချက် ၅ချက် သဘော တူညီချက် ရရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)နှင့်စစ်တပ်တို့ ဇွန်လ ၂၃ရက်တွင် ညှိနှိုင်းဆောင်ရွက်ရာမှ အထက်ပါ သဘောတူညီချက်များကို ရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

အစိုးရ ဌာနဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောက်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်းများ မပြုလုပ်ရန် ၊ CDM ဝန်ထမ်းများကို အတင်းအကျပ် ဖိအားပေး၍ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်စေခြင်း မပြုလုပ်ရန် အချက်ကို သဘောတူညီခဲ့သည်ဟု ဆိုသည်။

ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း မပြုလုပ်ရန်နှင့် သဘောတူညီချက်များကို ထိခိုက်ပျက်စီးစေနိုင်မည့် ဆောင်ရွက်ချက်များကို မပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း ဖော်ပြသည်။ ဥပမာ မဟုတ်မမှန် ဖြန့်ဝေ ပြောဆိုမှုများ ဖြစ်ကြောင်း ရေးသားထားသည်။ CDF မင်းတပ်နှင့် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့၏ အွန်လိုင်းစာမျက်နှာများတွင် ဝေမျှထားမှုများအတွက် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးက တာဝန်ယူကြောင်း၊ တစ်ဦးချင်း ပုဂ္ဂိုလ်များ၏ အွန်လိုင်းစာမျက်နှာတွင် မဟုတ်မမှန် ဝေမျှမှုများကို တာဝန်မယူကြောင်း သဘောတူညီချက်၌ ဖော်ပြထားသည်။

ကျောက်- ထုမင်းတပ်- မတူပီ လမ်းကြောင်းတွင် ဆိုင်ကယ်/လူသွားလာမှုကို နှောက်ယှက်တားဆီးခြင်း မပြုလုပ်ရန်နှင့် ရိက္ခာသယ်သော ကားများကိုသာ အဝင်အထွက်ကို စစ်ဆေး၍ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သဘောတူညီခဲ့သည်။ မင်းတပ်စစ်ဘေးရှောင်များအ တွက် ရိက္ခာသယ်သောကားများ ဝင်ထွက်ရာတွင် ကြိုတင် သတင်းပေးပို့ရန်အတွက် စစ်တပ်မှ ဗိုလ်မှူးတစ်ဦး၊ ဘာသာရေးခေါင်းဆောင်တစ်ဦးနှင့် လူပုဂ္ဂိုလ် နှစ်ဦးတို့၏ ဖုန်း နံပါတ်များကိုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့တွင် မေလအတွင်းက တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ရာ လူဦးရေ သောင်းနှင့်ချီ၍ စစ်ဘေးဒုက္ခကြုံတွေ့ခဲ့ကြရသည်။ ယခင်ကလည်း CDFနှင့် စစ်ကောင်စီအကြား ဆွေးနွေးသဘောတူညီချက်အချို့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကျိုးပေါက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။