Connect with us

Hi, what are you looking for?

သတင်း

RCSSနဲ့ စစ်တပ် ရပ်စောက်မှာတိုက်ပွဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ရပ်စောက်မြို့နယ် ကျောက်ဂူ–အင်တောရွာကြားမှာ အာဏာသိမ်း စစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်မှုများတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

(RCSSတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-Tai Freedom)

​အောက်တိုဘာ-၂၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ရပ်စောက်မြို့နယ် ကျောက်ဂူ–အင်တောရွာကြားမှာ အာဏာသိမ်း စစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်မှုများတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

အောက်တိုဘာလ၂၂ရက်က ဒေသအခြေစစ်တပ်ရဲ့အမှတ် (၂၉၂) ခြေလျင်တပ်ရင်း(ခလရ၂၉၂)ထဲက‌နေ စစ်ကြောင်းထိုးလာတဲ့အတွက် RCSSနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ စစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲကကျောက်ဂူ–အင်တောလမ်းတဲ့ ကျိုင်းခမ်းရွာအနီး ၁၈မိုင်မှာ နေ့လည်၁၂နာရီခန့်ကနေ ညနေအထိဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က၁၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ဒါ​ပေမယ့်တိုက်ပွဲအ​ခြေအ​နေအသေးစိတ်ကိုPeople’s Springကအတည်ပြုလို့မရသေးပါဘူး။

Public Service Announcement

Public Service Announcement

RCSSရဲ့သတင်းထုတ်ပြန်ရေးစာမျက်နှာ Tai Freedom ကတော့လက်ရှိတိုက်ပွဲနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

RCSS နဲ့စစ်ကောင်စီဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ဆန်မွန်းကျေးရွာအုပ်စုအနီးမှာ အမှတ်(၃၁၄)ခြေမြန်တပ်ရင်း (ခမရ-၃၁၄)နဲ့ ပြည်သူ့စစ် ပူးပေါင်း အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ခြောက်ဦးသေဆုံးခဲ့တယ်လို့ Tai Freedomက ​ဖော်ပြခဲ့ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)ဟာ စစ်ကောင်စီနဲ့အပစ်ရပ်လက်မှတ်ထိုးထားသလို စစ်​တပ်က​နေပြည်​တော်မှာလုပ်တဲ့ဆွေး​နွေးပွဲ​​အချို့ကို တက်​ရောက်ဖူးပါတယ် ။ဒါ​ပေမယ့် အခုနှစ်ပိုင်းအတွင်း စစ်တပ်နဲ့တိုက်ပွဲအချို့ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့​အောက်တိုဘာလ၁၅ရက်နေ့မှာ စစ်တပ်ကနေပြည်တော်မှာပြုလုပ်တဲ့NCA စာချုပ်ချုပ်ဆိုမှု ၁၁ နှစ်ပြည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုRCSS တက်ရောက်ခဲ့ပါတယ်။ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှုပိုမြှင့်တင်နိုင်ခဲ့တယ်လို့ RCSS ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောခဲ့တယ်လို့ Tai Freedomက ထုတ်ပြန်ခဲ့ပါတယ်။ ​ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲတက်ပြီး တစ်ပါတ်အကြာမှာ စစ်တပ် နဲ့ RCSS တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။

ဒါ့အပြင် ဆွေးနွေးပွဲမသွားခင်ရက်အနည်းငယ်မှာပအိုဝ်းတော်လှန်ရေးတပ် PNLO/PNLA တပ်ဖွဲ့ဝင် ၃၇ဦးနဲ့ သူတို့ရဲ့ မိသားစုတွေကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNOထံ အပ်နှံခဲ့တဲ့အတွက် RCSS ကို ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ နေပြည်တော်ဆွေးနွေးပွဲကြောင့် နှစ်ဖက်အကြား ယုံကြည်မှုပိုမြှင့်တင်နိုင်ခဲ့တယ်လို့ ပြောပြီးတစ်လကျော်အကြာမှာပဲ တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲမှာထိခိုက်သေဆုံးမှုများပြားတဲ့ ခလရ(၂၉၂)ဟာ ယခင်ကတိုက်ပွဲတွေမှာလည်း အထိနာဖူးပါတယ်။ ကျောက်ဂူဒေသမှာ ၂၀၂၄ခုနှစ် သြဂုတ်လက တိုက်ပွဲအတွင်းဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ ခလရ(၂၉၂)တပ်ရင်းမှူးဗိုလ်မှူးမျိုးမျိုးသူ သေဆုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငပြီကျွန်းတိုက်ပွဲ နှစ်ပတ်ကျော်အတွင်း စစ်သား ၁၀၀ ဝန်းကျင် သေဆုံးပြီး ၅၀ ခန့် အဖမ်းခံရ

ဆောင်းပါး

အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီကျော်က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမြောက်ပိုင်းက ကပ်ရပ် အိမ်ကလေး ၂ လုံးအနက် တစ်လုံးမှာ လင်ယောကျာ်းသေဆုံးသွားပြီဖြစ်တဲ့ မစိုး(အမည်လွှဲ)နဲ့ သူ့ရဲ့သမီး ၃ ယောက်ရယ်၊ နောက်တစ်အိမ်မှာတော့ မအေးမာနဲ့ သမီး ၃ ယောက်ရယ် ရှိနေကြတယ်။...

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်တွေမြို့ပေါ်လူနေရပ်ကွက်ကို စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့် ၉ ဦးသေဆုံးခဲ့ပြီး ၊ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။