Connect with us

Hi, what are you looking for?

သတင်း

မြဝတီမှာထိုင်းကုန်တွေသယ်လာတဲ့ကားအစီး ၄၀ ခန့် စစ်တပ်ဖမ်းဆီး

ထိုင်း – မြန်မာနယ်စပ်မြ၀တီမြို့၊နဒီလင်းမြိုင်ရွာမှာပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ ၂၀ ရက်မှာ ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်း - မြန်မာနယ်စပ်မြ၀တီမြို့၊နဒီလင်းမြိုင်ရွာမှာပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ ၂၀ ရက်မှာ ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ – ၂၃ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာနယ်စပ်မြ၀တီမြို့၊နဒီလင်းမြိုင်ရွာမှာပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ ၂၀ ရက်မှာ ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာလ ၂၀ ရက် ညပိုင်းမှာ မြဝတီမြို့ ၊ အမှတ် (၆) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်အနီး နဒီလင်းမြိုင်တံတားမှာ ထိုင်းကုန်စည်တွေသယ်လာတဲ့ ကားအစီးရေ ၄၀ ခန့်ကို မြဝတီအခြေစိုက် အမှတ် ( ၂၇၅) ခြေလျင်တပ်ရင်းက ဖမ်းဆီးလိုက်တာပါ။

နဒီလင်းမြိုင်ရွာမှာ နဒီတံတားရှိပြီး တံတားရဲ့ တဖက်ခြမ်းစီမှာ စစ်တပ်နဲ့ BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) တို့ တပ်စွဲထားတာပါ။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံလိုက်ရတဲ့ ကုန်ကားတွေဟာ မြဝတီကနေတဆင့် ကော့ကရိတ် ၊ ဘားအံ မြို့တွေက ကုန်စုံဆိုင်တွေဆီ ထိုင်းကုန်စည်တွေကိုခေါက်တိုပို့ဆောင်ပေးနေတဲ့ ကားတွေဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ကရင်သတင်းရင်းမြစ်တစ်ဦးပြောတာကတော့ ကုန်သည်အချင်းချင်း စစ်တပ်ဆီတိုင်ကြားရာကနေ ဖမ်းခံရတာလို့ဆိုပါတယ်။

“မြ၀တီကနေ ကော့ကရိတ် ဘားအံကို သယ်ပို့တဲ့ကားတွေပေါ့၊ ကုန်သည်အချင်းအချင်းပဲ၊ မနာလိုလို့ စစ်တပ်ကိုတိုင်လိုက်တာ” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဖမ်းဆီးလိုက်တဲ့ ကုန်စည်တွေအပြင် ၊ ကုန်သယ်တဲ့ လိုင်စင်မဲ့ကားတွေနဲ့ ယာဉ်မောင်းတွေကိုပါ ခလရ (၂၇၅) တပ်ရင်းထဲ ဖမ်းခေါ်သွားတယ်လို့ ကုန်သည်ရင်းမြစ်တစ်ဦးက အသိပေးပါတယ်။

အခုရက်ပိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်က မြ၀တီမြို့ပေါ်မှာရှိတဲ့ ထိုင်းကုန်စည်တွေ သိုလှောင်ရာ ဂိုဒေါင်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေလည်းလုပ်ဆောင်နေပါတယ်။

တဖက်မှာလည်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ထိုင်းစည်ကုန်တွေဟာ တနေ့တခြား စျေးတွေတက်လာနေတယ်လို့ မြဝတီမြို့ခံ တစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငပြီကျွန်းတိုက်ပွဲ နှစ်ပတ်ကျော်အတွင်း စစ်သား ၁၀၀ ဝန်းကျင် သေဆုံးပြီး ၅၀ ခန့် အဖမ်းခံရ

ဆောင်းပါး

အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီကျော်က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမြောက်ပိုင်းက ကပ်ရပ် အိမ်ကလေး ၂ လုံးအနက် တစ်လုံးမှာ လင်ယောကျာ်းသေဆုံးသွားပြီဖြစ်တဲ့ မစိုး(အမည်လွှဲ)နဲ့ သူ့ရဲ့သမီး ၃ ယောက်ရယ်၊ နောက်တစ်အိမ်မှာတော့ မအေးမာနဲ့ သမီး ၃ ယောက်ရယ် ရှိနေကြတယ်။...

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာမှာကနေ စစ်တပ်ထွက်ခွာသွားလို့ ဒေသခံတွေပြန်လည်ဝင်ရောက်စဉ် နေအိမ်တွေနဲ့ခြံဝင်းတွေအတွင်း ဖြစ်သလိုမြှုပ်နှံထားတဲ့ စစ်တပ် ရုပ်အလောင်း ၅၀ နီးပါးတွေ့ရှိလို့ ဒေသခံတွေ ရှင်းလင်းနေရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်တွေမြို့ပေါ်လူနေရပ်ကွက်ကို စစ်တပ်ရဲ့ ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲမှုကြောင့် ၉ ဦးသေဆုံးခဲ့ပြီး ၊ဒဏ်ရာရသူ ၁၆ ဦးရှိတာမှာ ၆ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေ တယ်လို့ မြို့ခံတွေက ပြောပါတယ်။