Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ သား၊သမီးတွေ၀င်ရောက်လျှောက်ထားမှုကြောင့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းခွင့် ပါမစ်ဈေးကွက်ဖြစ်လာ

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းခွင့်ပါမစ်ဈေးကွက် ကြီးထွားလာနေတယ်လို့ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ ဖြန့်ဖြူးရောင်းချသူတချို့က ပြောပါတယ်။

အောက်တိုဘာ-၂၄၊၂၀၂၆။ဇော်ဝင်း/People’s Spring

စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းခွင့်ပါမစ်ဈေးကွက် ကြီးထွားလာနေတယ်လို့ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ ဖြန့်ဖြူးရောင်းချသူတချို့က ပြောပါတယ်။

နိုင်ငံခြားငွေထိန်းချုပ်ထားမှုနဲ့ ပိုးသတ်ဆေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် တင်သွင်းဖို့မလွယ်ကူတဲ့ ပိုးသတ်ဆေးပါမစ်ကို အာဏာသိမ်းစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့သား၊သမီးတွေ ၀င်ရောက်လျှောက်ထားမှုကြောင့် ပါမစ်ဈေးကွက်ဖြစ်လာတာလို့ ဆိုပါတယ်။

” ပိုင်ရာဆိုင်ရာနဲ့ပေါင်းလျှောက်တော့ သူတို့က လွယ်လွယ်မြန်မြန်ရတာ။ပိုးသတ်‌ဆေးမှတ်ပုံတင်တခုရဖို့ ပုံမှန် ၁ နှစ်ခွဲလောက်ကြာတယ်။အခုဖြစ်နေတာ ပါမစ်မှတ်ပုံတင် ရထားတဲ့သူတွေက ဆေးသွင်းမယ့်သူတွေကို အမြတ်တင်ပြန်ရောင်းတဲ့ဈေးကွက်ပဲ။ဈေးကွက်က တော်တော်ကြီးလာတယ်။ဘယ်လိုလုပ်လဲဆိုတော့ ဆေးသွင်းချင်တဲ့သူက မစောင့်ချင်တော့ အသင့်ဝယ်သုံးကြတာ။ဆေးနာမည်ပြောင်း ဖြန့်ဖြူးသူပြောင်းလုပ်ရတာပေါ့။ပြန်ရောင်းတဲ့ တစောင်က သိန်း ၁၀၀ ကနေ ၃၀၀ လောက်ထိမြတ်တယ်”လို့ ရန်ကုန်မြို့အခြေစိုက်စိုက်ပျိုးရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတင်သွင်းခွင့်ပါမစ်ကို အာဏာသိမ်းစစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ် ရဲ၀င်းဦးရဲ့သား ထက်ရဲနောင်နဲ့ ဒုသမ္မတညိုစောရဲ့သားသင့်ညိုစောတို့က အလွယ်တကူရရှိနေတယ်လို့လည်း ပြည်ပကနေ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတင်သွင်းနေတဲ့ကုမ္ပဏီနဲ့ဆက်စပ်သူက ပြောပါတယ်။

“ညိုစောသားကိစ္စကတော့ လတ်တလောလေးတင်ပဲ လပိုင်းပဲရှိဦးမယ်။ အမျိုး ၅၀ တလအတွင်းရတာ။

စိုက်ပျိုးရေးလောကကိုအမြတ်က မထင်မှတ်လောက်တဲ့အတိုင်းအတာထိရှိတယ်။ခုနကပြောတဲ့ အမျိုး ၅၀ ဆိုတာ ကိုယ့်ဘာသာမှတ်ပုံတင်ရင်ကို တမျိုးကို သိန်း ၁၀၀ ကျော်ကျတယ်။မှတ်ပုံတင်ချည်းပဲ အပျင်းပြေရောင်းစားနေရင်ကို တမျိုးကို သိန်း ၂၀၀ လောက်မြတ်တယ်ဆိုတော့ ပစ္စည်းသွင်း ရောင်းနေရတာ ပျင်းတယ်ဆိုပြီး မှတ်ပုံတင်ပဲရောင်းစားရင်တောင် သိန်းတသောင်း ပက်ခနဲပဲ။ရဲဝင်းဦးသားလည်း တန် နှစ်ထောင် တင်သွင်းခွင့်ကို နှစ်ရက်အတွင်းရတယ်ကြားတယ်။ပုံမှန်ကျွန်တော်တို့ တန် ၂၀ လောက် သွင်းတာ မနည်း လုပ်နေရတာ။ဒါတောင် ဒေါ်လာတသိန်းကျော်ရင် ရှယ်ရစ်တာ”လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေရဲ့ သားဖြစ်သူတွေ တင်သွင်းခွင့်လျှောက်ထားတာနဲ့ပတ်သက်လို့ မသိရှိဘဲ ပိုးသတ်ဆေးလျှောက်ထားမှု ကြန့်ကြာတာ တွေက ကုန်သွယ်ရေးဦးစီးဌာနရဲ့ မှတ်ပုံတင် ထုတ်ပေးရန် စိစစ်မှုတွေ‌ကြောင့်လို့ မြန်မာနိုင်ငံပိုးသတ်ဆေးမှတ် ပုံတင်အဖွဲ့တာ၀န်ရှိသူက ဖြေကြားပါတယ်။

စစ်တပ်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံပိုးသတ်ဆေးမှတ် ပုံတင်အဖွဲ့ရဲ့ အခုနှစ်ဇူလိုင်လကုန်အထိ စာရင်းတွေအရ ပိုးသတ်ဆေး အမျိုးအစား ၄၆၇၀ ရှိပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးရေးသုံးပိုးသတ်ဆေးကို စင်ကာပူနဲ့ တရုတ်နိုင်ငံတွေဆီက ဒေါ်လာအများဆုံးတင်သွင်းပြီး ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေဆီကလည်း ၀ယ်ယူတာရှိပါတယ်။

နိုင်ငံတကာ စိုက်ပျိုးရေး သုတေသနအဖွဲ့အစည်း တွေရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပိုးသတ်ဆေးစျေးကွက် ပမာဏ (Pesticides Market Size) ကုန်ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုအပါအဝင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

စစ်တပ်ရဲ့သွင်းကုန်ကန့်သတ်ချက်တွေ အပါအ၀င် လက်ရှိ ပါမစ်ဈေးကွက်ကြောင့် ပိုးသတ်ဆေးပေါင်း သတ်ဆေး၊မှိုသတ်ဆေးအစရှိတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေဈေးမြင့်လာတာလို့ စိုက်ပျိုးရေးဈေးကွက်နဲ့ နီးစပ်သူတချို့က ပြောပါတယ်။

တဆက်တည်းမှာပဲ တောင်သူတွေရဲ့ အခြေခံကုန် ကျစရိတ်တွေ ပိုတိုးလာတဲ့အပြင် စားသုံးသူဈေးကွက်ကိုပါ ထိခိုက်လာပြီ ဆန်အပါအ၀င် ကြက်သွန်နီ တစ်ပိဿာဈေးမြင့်တက်မှုတွေက အခြေခံလူတန်းစားတွေကို ထိခိုက်လာနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦးဒဏ်ရာရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ သံချက်ကာယာဉ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖြစ်တယ်လို့ စစ်လက်နက်ပစ္စည်း လေ့လာအသိပေးလျက်ရှိတဲ့ Tactical Raptor က ဖော်ပြခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်က စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ တိုက်ပွဲနဲ့အလှမ်းဝေးတဲ့ ပေါက်တောမြို့နယ်အတွင်းက အရပ်သားလူနေကျေးရွာတွေဖြစ်တဲ့ သဝင်ချောင်း၊ အ၀ကန်ကျေးရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထိခိုက်မှုရှိ၊ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တွေ ပျက်စီး