အောက်တိုဘာ-၂၄၊၂၀၂၆။မိုမို /People’s Spring
စစ်ကိုင်းမြို့နယ်မှာ ဖမ်းဆီးရှင်းလင်းခဲ့ရတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ဟာ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
အုန်းတော(၆၀၀၅)အမြောက်တပ်ရင်းနဲ့ စစ်ကိုင်းမြို့ တပ်မ (၃၃)ကို လာတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီ၀န်းကျင်က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
တပ်တွင်းနဲ့ အလင်းဝင်သွားတဲ့ တော်လှန်ရေးသမားတွေက တိကျတဲ့သတင်းပေးမှုကြောင့် ဖမ်းမိခဲ့ပေမယ့် ခုခံထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ရာသေဆုံးသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ကနဦး ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို လက်ဝယ်ဖမ်းဆီးရမိချိန်မှာ MA-5 MKll 9mm pistol ၁လက်၊ ကျည်အိမ် ၂ခု၊ လိုင်စင်၊ ATM card ၁ခု ၊ လက်ကိုင်ဖုန်း ၁လုံး နဲ့ဝန်ထမ်းကဒ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
အောက်တိုဘာ ၁၉ ရက်မှာ သက်ဆိုင်ရာ ပကဖ၊ပလဖတို့ထံလွှဲ ပြောင်းဖို့လုပ်စဉ် စစ်တပ်က မြေပြင်စစ် ကြောင်းထိုးဖို့ ကျေးရွာတွေကို Mi-35နဲ့ ပစ်ခတ်တိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုဖြစ်နေစဥ် ဖမ်းဆီးခံထားရသူ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရတာလို့ လင်းယုန်တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
“ကျွန်တော်တို့က MOD ၊ NUGသက်ဆိုင်ရာ၊တပ်ရင်းတပ်ဖွဲ့ တွေဘက်ကို လွှဲပြောင်းပေးဖို့လုပ် နေတဲ့အချိန်မှာ စစ်ကောင်စီကနေပြီးတော့ ခြေလျင်စစ်ကြောင်းဝင်ဖို့ ဝေဟင်က နေပြီးတော့ Mi-35နဲ့ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ပြီးတယ်။အဲဒီအချိန် သူက ကျွန် တော်တို့ရဲ ဘော်တွေကိုင် ဆောင်ထားတဲ့ သေနတ်ကိုလုယူထွက် ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ”လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောထားပါတယ်။
လက်ရှိမှာ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးတာ တွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သုံးလင့်ရွာက နေအိမ်တချို့ကို မီးရှို့တယ်။မနေ့က ညက မြင်းဆည်ရွာထဲ စစ်ကြောင်း၀င်တယ်”လို့ စစ်ကိုင်းမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်က ကုန်းတန်းလေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံ အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဒီကနေ့အထိ အနီးနား ကျေးရွာတွေကို စစ်တပ်ရဲ့စစ်ကြောင်း ၂ကြောင်းရောက်နေတယ်လို့ သိရပါတယ်။

















































