Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် သံချပ်ကာယာဉ် အသေခံဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံထွက်ပေါ်

အာဏာသိမ်းစစ်တပ်ရဲ့ သံချက်ကာယာဉ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖြစ်တယ်လို့ စစ်လက်နက်ပစ္စည်း လေ့လာအသိပေးလျက်ရှိတဲ့ Tactical Raptor က ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ သံချက်ကာယာဉ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖြစ်တယ်လို့ စစ်လက်နက်ပစ္စည်း လေ့လာအသိပေးလျက်ရှိတဲ့ Tactical Raptor က ဖော်ပြခဲ့ပါတယ်။

အောက်တိုဘာ ၂၄၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ သံချက်ကာယာဉ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖြစ်တယ်လို့ စစ်လက်နက်ပစ္စည်း လေ့လာအသိပေးလျက်ရှိတဲ့ Tactical Raptor က ဖော်ပြခဲ့ပါတယ်။

စက္ကန့် ၂၀ ကျော်ကြာမြင့်တဲ့ အဲဒီ ရုပ်သံမှာ လမ်းမပေါ်က သံချပ်ကာယာဉ် ၁စီးကို အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။

” ဗန်းမော်မှာ စစ်တပ်ရဲ့ Type-92 သံချပ်ကာတိုက်ယာဉ်တစ်စီးကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုတစ်ခုပါ။ တိုက်ခိုက်မှု ဘယ်နေ့က ဖြစ်ခဲ့တယ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ ဖြစ်စဉ်အဟောင်းကို အခုမှ ဗီဒီယို ထုတ်ပြန်တာလည်း ဖြစ်နိုင်ပါတယ်” လို့ Tactical Raptor က ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အခု သံချပ်ကာယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး Tactical Raptor ရေးသားချက်မှာ ၂၀၂၅ ဗန်းမော်မြို့တိုက်ပွဲမှာ စစ်တပ်က Type-92 သံချပ်ကာယာဉ်တွေ အသုံးပြုခဲ့တာ ခပ်စိပ်စိပ်တွေ့ရဟု ရေးသားထားပါတယ်။

” အခုတော့ မတွေ့ရတာ လနဲ့ချီကြာနေပါပြီ။KIA ပူးပေါင်းတပ်ဖွဲ့‌တွေရဲ့ တိုက်ခိုက်မှု‌ကြောင့် ထိခိုက်ပျက်စီးတာ၊ အသုံးပြုတာ များတာနဲ့အမျှ ပြင်ဆင်ထိန်းသိမ်းဖို့ အပိုပစ္စည်းမရတာကနေ operational conditions မရှိတော့တာ လားလို့ ယူဆထားကြတာပါ။ ဩဂုတ်၊ စက်တင်ဘာလတွေအတွင်း ဗန်းမော်ကို ရောက်အောင်သွားနိုင်ခဲ့တဲ့ စစ်တပ်ရေယာဉ်တွေမှာ အပိုပစ္စည်းတွေ ပါလာပြီး စစ်တပ်ရဲ့ Type-92 သံချပ်ကာယာဉ်တွေကို operational conditions ရောက်အောင် ပြန်လည်ပြင်ဆင်နိုင်ခဲ့တာလား စဉ်းစားစရာရှိပါတယ်။ယခု ဗီဒီယိုထဲမှာတော့ FPV ဒရုန်းက Type-92 သံချပ်ကာယာဉ်ရဲ့ 25mm စက်အမြောက်တပ်ဆင်ထားတဲ့ turret နေရာကို ဦးတည်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ စက်အမြောက် ပျက်စီးပြီး mission kill ရသွားနိုင်တဲ့ အခြေအနေပါ။” လို့ ရေးသားထားပါတယ်။

၂၀၂၅ကလည်း စစ်တပ်ရဲ့ Type-92 သံချပ်ကာယာဉ် ၁စီးကို KIA ပူးပေါင်းတပ်ဖွဲ့တွေက FPV ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်းဖော်ပြပါတယ်။

“မနှစ်က ဖြစ်ရပ်မှာတော့ အတီးခဲ့ရတဲ့ Type-92 သံချပ်ကာယာဉ်မှာ ဒရုန်းရန်ကာကွယ်ဖို့ သံဇကာတွေ တပ်ဆင်ထားတာတွေ့ရပါတယ်။” လို့ ဆိုပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းတွေက မိုးမောက်၊ ဗန်းမော်မြို့သိမ်း တိုက်ပွဲတွေဖော်ဆောင်စဉ်ကလည်း စစ်တပ်ရဲ့ သံချပ်ကာယာဉ်တွေကို KIAပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးတာ၊ ဗန်းမော်အခြေစိုက် သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်းတွေကို တိုက်ခိုက်သိမ်းပိုက်တာ ရှိခဲ့ပါတယ်။

သံချပ်ကာယာဉ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းရာ “ဗန်းမော်မှာကတော့ မံစီဘက်ကို မျက်နှာမူတဲ့နေရာမှာ ဒရုန်းတို့ လက်နက်ကြီးတို့ နဲ့တော့ နေ့တိုင်းလိုရှိပါတယ်။ လေကြောင်းနဲ့ တိုက်တာလည်းရှိပါတယ်။ သူတို့က မြေပြင်ကနေ လည်း လိုက်ပြီးမှ ထိုးစစ်ဆင်နေတဲ့ ဖြစ်စဉ်တွေရှိပါတယ်” လို့ ပြောကြားပါတယ်။ သံချပ်ကာယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်စဉ်ကို မေးမြန်းရာ အဲဒီဖြစ်စဉ်ကို မကြားသိရဟု ပြောပါတယ်။

KIA အနေနဲ့ အသေခံ ဒရုန်းတွေကို ၂၀၂၅နှစ်ဆန်းကတည်းက အသုံးပြုခဲ့တာကို တိုက်ပွဲရုပ်သံဖော်ပြချက်အရ သိရပါတယ်။

၂၀၂၅ မေလ ဗန်းမော်မြို့တိုက်ပွဲမှာ ဗန်းမော်သို့ စစ်အင်အားလာပို့တဲ့ ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ၂စီး ထိခိုက်ပျက်စီခဲ့ပါတယ်။ မေလ ၂၀ရက်က တိုက်ခိုက်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ ရဟတ်ယာဉ် ၁စီးဟာ ရွှေကူမြို့နဲ့ ၁၅ မိုင်အကွာ တောတွင်းမှာ ပျက်ကျခဲ့သလို ကျန် ၁စီးဟာ ရွှေကူမြို့ စစ်တပ်က အရေးပေါ် ဆင်းသက်ရပ်နားစဥ် KIAက ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့တာပါ။

အဲဒီလိုပဲ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကလည်း ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်တပ် သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဒရုန်းတိုက်ခိုက်မှုတွေကြောင့်လည်း စစ်တပ်သင်္ဘောတွေ ထိခိုက်မီးလောင်ခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလအတွင်းမှာ ဗန်းမော် -ရွှေကူကြားမှာ KIA ပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော အစီး ၂၀ခန့် မီးလောင်ပျက်စီးနစ်မြုပ်ခဲ့ရကြောင်း KIAက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦးဒဏ်ရာရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်က စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ တိုက်ပွဲနဲ့အလှမ်းဝေးတဲ့ ပေါက်တောမြို့နယ်အတွင်းက အရပ်သားလူနေကျေးရွာတွေဖြစ်တဲ့ သဝင်ချောင်း၊ အ၀ကန်ကျေးရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထိခိုက်မှုရှိ၊ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တွေ ပျက်စီး

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။