Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦး ဒဏ်ရာရ

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦးဒဏ်ရာရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

(စစ်တပ်လေကြောင်းတိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု)

အောက်တိုဘာ-၂၄၊၂၀၂၆။ဖိုးသား /People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦးဒဏ်ရာရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒီကနေ့ (အောက်တိုဘာ ၂၄ ရက်) မနက် ၁၀နာရီ၀န်းကျင်က ဂျိုင်ရိုကော်ပရာ ၃စီးနဲ့ မြိုင်မြို့နယ် အနောက်ပိုင်းကို ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီဗုံးကြဲမှုတွေကြောင့် တောင်ယာလုပ်နေတဲ့ အသက်(၆၀)အရွယ် အမျိုးသား ၁ဦးနဲ့ အသက်(၄၀)၀န်းကျင် အမျိုးသမီး ၂ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကလေးငယ် ၃ဦး ထိခိုက်ဒဏ်ရာရထားပြီး ဆေးကုနေရပါတယ်။

“ယောက္ခထီးနဲ့ ချွေးမ ဆုံးသွားတယ်။ ထိတဲ့ကလေးတွေကလည်း သူတို့မိသားစု၀င်တွေ ။၁၁ လအရွယ် ကလေးတောင်ပါတယ်”လို့ မြိုင်နယ်အနောက်ခြမ်း စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

လေကြောင်းအန္တရာယ်နဲ့ မြေပြင် ဒေသခံတွေရဲ့ လုံခြုံရေး အပါအ၀င် ထိ‌ခိုက်သေဆုံးခဲ့တြဲကာယကံရှင်မိသားစု၀င်တွေရဲ့ ဆန္ဒအရ ဖြစ်စဉ် ဖြစ်ပွားရာနေရာအသေးစိတ်ကို မဖော်ပြဖို့ သူက တောင်းဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းအတွင်း မြိုင်မြို့နယ်ကို ဂျက်ဖိုက်တာ၊ Y12၊ပါရာမော်တာ၊ဂျိုင်ရိုကော်ပတာ တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ကျေးရွာနဲ့ တောတိုက်တွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း မြိုင်မြို့နယ် အရပ်ဖက်အဖွဲ့အစည်းတွေက အသိပေးထားပါတယ်။

“ပြည်သူတွေအားလုံး ဒီရက်ပိုင်းတွေမှာ လေကြောင်းရန်ကို အထူးဂရုစိုက်ပါ။အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးမှာ နေရာတိုင်းမှာ အရှူံးနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ဒါကြောင့် လေကြောင်းကို ဖိပြီး သုံးနေတာ”လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့ ဖြစ်စဉ်မတိုင်မီ လွန်ခဲ့တဲ့လေးရက်ကလည်း မြိုင်မြို့နယ်နဲ့ကပ်လျက်က ပခုက္ကူမြို့နယ် ကမ္မမြို့ အုန်းတောရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် (၈)နှစ်အရွယ်ကလေး အပါအ၀င် ဒေသခံ၆ ဦးသေဆုံးခဲ့ရပါတယ်။

ပခုက္ကူ ၊မြိုင်နဲ့ပေါက်မြို့နယ်တွေက ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး လက်ရှိ တဲကြီးရွာမှာ တပ်စွဲထားတာ ၂လ နီးပါးရှိနေပြီဖြစ်ပါတယ်။

ပေါက်-မြိုင် ဒေသအစပ် တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို အောက်တိုဘာလဆန်းကတည်းကတော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေပါတယ်။

အဲဒါကြောင့် အထိနာနေတဲ့စစ်တပ်က ပခုက္ကူတပ်မ (၁၀၁)ကနေ ပခုက္ကူ-ကမ္မ လမ်းပိုင်းကတဆင့် စစ်ကူယာဉ်တန်းတွေ ပို့နေတာလက်ရှိ မြိုင်မြို့နယ် တွင်းမပျူစောထီးရွာကို ရောက်နေပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ သံချက်ကာယာဉ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖြစ်တယ်လို့ စစ်လက်နက်ပစ္စည်း လေ့လာအသိပေးလျက်ရှိတဲ့ Tactical Raptor က ဖော်ပြခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်က စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ တိုက်ပွဲနဲ့အလှမ်းဝေးတဲ့ ပေါက်တောမြို့နယ်အတွင်းက အရပ်သားလူနေကျေးရွာတွေဖြစ်တဲ့ သဝင်ချောင်း၊ အ၀ကန်ကျေးရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထိခိုက်မှုရှိ၊ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တွေ ပျက်စီး

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။