Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တိုက်ပွဲမှာ စစ်တပ်က တပ်ရင်းမှူးတဦးထပ်မံသေဆုံး

နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ဆန်းဝင်းလည်း​​​ပျောက်ဆုံး​နေသလို အင်း​တော်တိုက်ပွဲ​တွေမှာ စစ်တပ်အရာရှိအများအပြား​သေဆုံး

(PDF အထူးလှုပ်ရှားတပ်မ ကတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-MDY-PDF)

အောက်တိုဘ-၂၈၊၂၀၂၆။ကတ်သရင်း၊​ဇော်ရမ်း/ People’s Spring

စစ်တပ်အထိနာနေတဲ့ အင်းတော်လယ်ပြင်မှာတိုက်ပွဲဆက်ဖြစ်နေပြီး ယမန်​​​နေ့တိုက်ပွဲမှာတပ်မ၃၃ရဲ့လက်အောက်ခံတပ်ထဲက တပ်ရင်းမှူးတဦး​ထပ်မံသေဆုံးပြီး ​အင်း​တော်တိုက်ပွဲ​တွေမှာအောက်တိုဘာလအတွင်းစစ်တပ်ကအရာရှိ အများအပြား​သေဆုံးခဲ့ပြီဖြစ်တယ်လို့ စစ်ရေး သတင်းအရင်းမြစ် တွေကပြောပါတယ်။

အင်းတော်မြို့နယ်က နေထီးချိုင့်ကိုထိုး နေတဲ့ စစ်ကြောင်းဟာ ပိန်းအင်းရွာမှာ တော်လှန် ရေးတပ် တွေရဲ့ပိတ်ဆို့တိုက်ခိုက်ခံ ခဲ့ရပြီးနောက် လယ်ပြင်ကို ပြန်ဆုတ်ရာက နေထပ်မံတိုက်ခိုက်ခံရတာဖြစ်ပါတယ် ။စစ်တပ်က​သေဆုံးဒဏ်ရာရသူများပြီးအထိနာတာ​ကြောင့် စစ်တပ်က ၄ရက်ဆက်လေကြောင်းကနေ လေယာဉ်အုပ်စုလိုက် ပစ်ကူ ပေးဗုံးကြဲ ခဲ့ပါတယ်။

​အောက်တိုဘာ ၂၇ ရက်နေ့မှာလည်း အဲဒီစစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး တပ်ရင်းမှူးတဦးထပ်မံ​သေဆုံးခဲ့တယ်လို့စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အင်းတော်မြို့နယ်တိုက်ပွဲအတွင်း တပ်မ(၃၃)လက်အောက်ခံ ခြေမြန်တပ်ရင်းခမရ (၃၃၂)က နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ဆန်းဝင်းသေဆုံး(သို့မဟုတ်)ပျောက်ဆုံးနေပါတယ်။

အင်းတော်-ထီးချိုင့်လမ်း၊ အင်းတော် -ဝန်းသိုလမ်းကို တပ်မ (၃၃)လက်​အောက်ခံစစ်​ကြောင်း​တွေက နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဆန်းဝင်းနဲ့ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမျိုးသိန်းတို့က ဦးဆောင်ပြီး စစ်ကြောင်း နှစ်‌‌ ကြောင်းခွဲဝင်လာတာကို ​တော်လှန်ရေး ပူးပေါင်းတပ်‌တွေက ပိတ်ဆို့တိုက်ခိုက်နေတာပါ။ အောက်တိုဘာလ ၂၆ရက်နေ့က တိုက်ပွဲက စစ်တပ်အထိနာဆုံးဖြစ်ခဲ့တာလို့ သိရပါတယ်။

“ဗျူဟာမှူး ထိထားတာ သေချာတယ်။ တိုက်ပွဲက ဆက်ချနေလို့ ဒါက အသေးစိတ် ပြောဖို့စောမယ်။နှစ်ကြောင်းလုံး ကစဉ့်ကလျားပဲ။ အကုန်ကုန်မှာ”လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ အင်းတော်တိုက်ပွဲမှာ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်ဆန်းဝင်း အဖမ်းခံထားရတယ်လို့ ဖော်ပြနေကြပါတယ်။တိုက်ပွဲအတွင်း သေဆုံးသွားပြီလို့လည်း ပြောနေကြပါတယ်။

အောက်တိုဘာလ၂၂ ရက်နေ့ကလည်း တပ်မ(၃၃)လက်အောက်ခံ ခလရ-၄(ပုသိမ်ကြီးတပ်)က ဗိုလ်ကြီးဟိန်းထက်ဇော် သေဆုံးခဲ့သလို ​​အောက်တိုဘာ ၇ ရက်နေ့ကလည်း ခလရ-၄က ဗိုလ်ကြီးမင်းသူလည်း သေဆုံးခဲ့ပါတယ်။ဗိုလ်ကြီးမင်းသူက ၂၀၂၆ခုနှစ် မတ်လမှာ မဟာဂုဏ်ထူးတန်းဆင်းလာတဲ့စစ်တပ်အရာရှိဖြစ်ပါတယ်။

စစ်တပ်ကအင်းတော်မြို့က နေထီးချိုင့်နဲ့ ဝန်းသိုမြို့တို့ကို အောက်တိုဘာလပထမပတ်မှာစစ်ကြောင်းထိုးကာအဲဒီစစ် ကြောင်းတွေကို တပ်မ၃၃လက် အောက်ခံ ခမရ-(၁၃)-စစ်ကိုင်းတပ်၊ခမရ(၁၁၁)ဝန်းသိုတပ်၊ခမရ(၁၁၆)၊ခမရ(၁၁၉)တပ်တို့ပါဝင်ပြီး တပ်မ(၃၃)ရဲ့ ဒုတပ်မမှူးဦးစီးကာ စစ်ဗျူဟာ ၃ခုနဲ့ထိုးစစ်ဆင်လာတာလို့ စုံစမ်းသိရပါတယ်။

အဲဒီအထဲက ဝန်းသိုမြို့ကိုထိုးစစ်ဆင်တဲ့စစ် ကြောင်းလည်း ဂျိုးတောင်မှာတိုက်ခိုက်ခံရပြီး စစ်ကြောင်းပျက်ခဲ့ပါတယ်။ဒါ​ကြောင့် ဝန်းသိုမြို့ ခမရ(၁၂၀)က စစ်ကူလာတဲ့အင်အား(၁၀၀)ဝန်းကျင်ရှိစစ်ကြောင်းကိုပါထပ်မံတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တပ်က ကံကုန်းမှာစုဖွဲ့မှု ပြန်လုပ်ဖို့ ကြိုးစားပေမယ့်အောက်တိုဘာလ၂၅ ရက်​မှာ ​တော်လှန်​ရေးတပ်​တွေရဲ့ထပ်မံတိုက်ခိုက်ခံရကာစစ်ကြောင်းကွပ်ကဲတဲ့ဗျူဟာမှူးတဦး​သေဆုံးပြီး အလင်းဝင်သူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာအင်းတော်မြို့ နယ်မှာ စစ်တပ်စစ် ကြောင်းတစ်​ကြောင်းဟာကလက်ကျန်အင်အားနဲ့ တိုက်ပွဲဖြစ်နေ​ပေမယ့် ၊ကျန် စစ်ကြောင်းတစ်​ကြောင်းက​တော့အထိနာပြီး ထီးချိုင့်မြို့ကိုပြန်ဝင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာမန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းအတိုင်း တစ်ဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကိုလည်း ထိန်းချုပ်ဖို့ကြိုးစားနေဝာာကနေစက်တင်ဘာလကတည်းက တိုက်ပွဲတွေပြင်းထန်နေတာပါ။

မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေပါတယ်။ ​အောက်တိုဘာ ၂၆ ရက်မှာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု အများအပြားလုပ်ခဲ့ပြီး တစ်နေ့တည်းမှာ ဂျက်ဖိုက်တာ ၁၇စီးနဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေက ‎ကံကုန်းရွာ၊ဂျိုးတောင်ရွာနဲ့ ပိန်းအင်းရွာတကြောမှာဖြစ်နေတာပါ။ ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူးမြို့နယ်တွေထဲကရွာတွေမှာ စစ်ကြောင်းအန္တရာယ်ကို နားစွင့်စောင့်ကြည့်ဖို့နဲ့ ‌ လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တွေကသတိပေးထားပါတယ်။

အင်းတော်မြို့ကို PDF ၊ ABSDF ၊ KIA ၊ပကဖ နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီလ၇ရက်နေ့မှာသိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ ။ မြို့သိမ်းတိုက်ပွဲမှာ တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်သုံ့ပန်းအများအပြားကိုလည်း တော်လှန် ရေးတပ်ဖမ်းမိခဲ့ပါတယ်။

စစ်တပ်က တန်ပြန် ထိုးစစ်ဆင်ပြီး ၂၀၂၆ ဧပြီလမှာ ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးနေတာပါ။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော်လှန်ရေးတပ်တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံချုပ်)ကတော့သတင်းအသေးစိတ် မထုတ်ပြန်သေးပါဘူး။ သင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့တော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့အနီးဝန်းကျင်ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်ဆုံရာမှာ နေရာယူပြီး အရပ်သားလူနေကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ နေ့ညမပြတ်ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောကြီး ၃ စီးကို အာရ က္ခတပ်တော်(AA)က ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ တပတ်အတွင်း အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။