Connect with us

Hi, what are you looking for?

News

KNLA နဲ့ စစ်​ကောင်စီတပ် ဒီမနက်ထိ​တွေ့ပစ်ခတ်မှုစစ်​ကောင်စီတပ်သား၃ ဦး ​သေဆုံး

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA လုံခြုံရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအုပ်စုထဲကို နယ်မြေကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက် မနက် ၆ နာရီကျော်အချိန်ကစပြီး ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအုပ်စု မနွယ်ဘုရားကုန်းနဲ့ မြိုင်ကလေးဘုရားကုန်းကြားမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

Public Service Announcement

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံ KNLA လုံခြုံရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးနေစဉ်အတွင်း ကော့ကရိတ်မြို့ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ(၉၇) တပ်ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်ကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။