Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်က ကျေးရွာ ၂ရွာ စစ်တပ် ဗုံးကြဲမှု ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၂ဦး သေဆုံး၊ ၈ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ဘူးအားဒဲရွာနဲ့ လောဖလာသေ့ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ရာ သေဆုံး၊ ဒဏ်ရာရသူအားလုံးဟာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။

(ဖာပွန်ခရိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - Screen Grab)

နိုဝင်ဘာ ၁၉၊၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ဘူးအားဒဲရွာနဲ့ လောဖလာသေ့ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ရာ သေဆုံး၊ ဒဏ်ရာရသူအားလုံးဟာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေဖြစ်တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။

တပ်မဟ(၅) ဖာပွန်ခရိုင် အပါအဝင် KNUနယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ နိုဝင်ဘာ ၁၆ရက်မှာ ဘူးအားဒဲရွာကို ပေါင် ၅၀၀ ဗုံး(၄)လုံး၊ လောဖလာသေ့ရွာအား ပေါင် ၅၀၀ ဗုံး (၂)လုံးနဲ့ တိုက်ခိုက်ခဲ့ရာ အသက် ၁၆နှစ် အရွယ်မိန်းကလေး ၁ဦး၊အသက် ၈နှစ်အရွယ် ယောက်ျးလေး ၁ဦး သေဆုံးကာ အသက် ၆နှစ်ကနေ ၂၀နှစ်အကြားရှိ ကျောင်းသားကျောင်းသူ ကလေးငယ်တွေ ဒဏ်ရာရခဲ့တာလို့ အသိပေးပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ကျောင်းသားဘော်ဒါဆောင် အနီးဝန်းကျင်ရှိနေအိမ်များ ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ပြည်သူကျေးရွာ နေအိမ်၊ ဘာသာရေး ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံတွေ၊ စစ်ရှောင်နေရာတွေကို လူမဆန်စွာ ရည်ရွယ်ချက်ရှိရှိ ပစ်မျတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNLAက ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်တိုးမြင့်လုပ်နေတာကြောင့် အရပ်သားပြည်သူသက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနဲ့ ကလေးသူငယ်များတို့ရဲ့ ဘဝလုံခြုံမှုမှာ အလွန်စိုးရိမ်ဖွယ်ရာအဆင့်သို့ရောက်ရှိနေကြောင်းလည်း ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ