နိုဝင်ဘာ-၂၃၊၂၀၂၆။ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်ကိုစစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ကလမ်းတလျှောက်ပြည်သူ တွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့ရာပြည်သူ၁၅ ဦးရဲ့ရုပ်အလောင်းတွေ တွေ့ရှိတယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။
ကောလင်းမြို့နယ်အ ရှေ့ခြမ်း၊ညောင်ပင်သာရွာကအမျိုးသမီးတဦးအပါအဝင် ၄ဦး၊ဂွေ့ကုန်းမှာ၃ ဦး ၊ ဥတုံးပင်ရွာနဲ့ တောင်ပုံရွာတို့မှ ပြည်သူ ၈ဦး စုစုပေါင်းပြည်သူ ၁၅ဦးရဲ့ရုပ် အလောင်းတွေကို နယ်မြေ ရှင်းလင်း ရေးဝင်တဲ့အချိန် မှာ တွေ့ထားတယ်လို့သိရပါတယ်။
“နိုဝင်ဘာ၂၀ က စကစ စစ်ကြောင်းထွက်သွားပြီဆိုမှ ကျွန် တော်တို့ နယ်မြေ ရှင်းလင်း ရေးဝင်တဲ့အချိန်တွေ့တာပေါ့။တချို့အလောင်းတွေက ဘယ်သူ၊ဘယ်ဝါများကို မပြောတက်သေးဘူး။တောင်ပုံနဲ့ ဥတုံးပင်က ရွာကပ်လျက်ဆို တော့အဲဒီမှာ လူအလောင်း ၈ ဦး တွေ့တာ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement
ဒီစစ်ကြောင်းဟာကောလင်း၊ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်က တပ်မ(၃၃) လက်အောက်ခံတပ် တွေပေါင်းပြီး ကောလင်းမြို့နယ်အ ရှေ့ခြမ်းကို နိုဝင်ဘာလပထမပတ်က စတင် စစ်ကြောင်းထိုးခဲ့ပါတယ်။
အဲဒီစစ်ကြောင်းဟာရွှေဘို- မြစ်ကြီးနားလမ်းအတိုင်းစစ်ကြောင်းထိုးခဲ့ပြီး လက်ရှိမှာကန့်ဘလူမြို့နယ်၊စပ်တပေါက်ကနေဗျူဟာလမ်းအတိုင်းခင်ဦး မြို့နယ်ဘက်ကို ထွက်နေတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကြောင်းတလျှောက် တော်လှန်ရေး တပ် တွေကခုခံတိုက်ခိုက်နေပြီး စစ်အုပ်စုသေဆုံးထခိုက်မှုများခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။စစ်တပ်ကတော့ ရွှေဘို-မြစ်ကြီးနားလမ်းတလျှောက်ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားရင်း စစ်ကြောင်းတွေထိုးပြီး စစ်ကြောင်းတလျှောက်တွေ့တဲ့ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်နေပါတယ်။ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေမှာတော့ စစ်တပ်စစ်ကြောင်းတွေ အထိနာနေပြီး မကြာခဏ စစ်ဦးကျိုးနေတယ်လို့ PDF အချို့ကပြောပါတယ်။
























































