Connect with us

Hi, what are you looking for?

သတင်း

မူရင်းစာရေးဆရာ ရွှေဥဒေါင်းအမည် မပါဝင်ဘဲ “ပထမံဆရာသိန်း” အမည်နဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးနေ

စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ နာမည်ကျော် ပထမံဆရာသိန်း ဝတ္ထုအမည်ကို သုံးစွဲကာ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခု စတင်ရိုက်ကူးနေပါတယ်။

နိုဝင်ဘာ ၂၃၊ ၂၀၂၆။မေရီ/People’s Spring

စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ နာမည်ကျော် ပထမံဆရာသိန်း ဝတ္ထုအမည်ကို သုံးစွဲကာ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခု စတင်ရိုက်ကူးနေပါတယ်။

“ ပထမံဆရာသိန်း “ ရုပ်သံဇာတ်လမ်းတွဲကို ဒီကနေ့ နိူဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ အိမ်တော်ရာဘုရားမှာ ကန့်တော့ပွဲပေးအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ ၎င်းရဲ့စီးပွားဖက် ကိုရွှေမန်းတို့ရဲ့ လုပ်ငန်းခွဲ ဖြစ်တဲ့ ရွှေနဒီ Application ကနေ စီစဥ်ရိုက်ကူးမှာ ဖြစ်ပါတယ်။

ပထမံဆရာသိန်းဆိုတဲ့နာမည်ဟာ မြန်မာ့ဂန္ထဝင် စာရေးဆရာကြီး ရွှေဥဒေါင်းရဲ့ ပထမံဆရာသိန်းဆိုတဲ့ လုံးချင်းဝတ္ထုအမည်ကို တိုက်ရိုက်သုံးစွဲထားတာဖြစ်ပြီး ၎င်းတို့ရဲ့ ဇာတ်လမ်းတွဲမှာတော့ ဇာတ်လမ်းရေးသားသူနေရာမှာ ရွှေဥဒေါင်းမဟုတ်ဘဲ ဖြိုးသဉ္ဇာကျော်လို့ ရေးထားတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆရာကြီး ရွေဥဒေါင်းရဲ့ ပထမံဆရာသိန်းကို ရိုက်ကူးတာလား၊ သို့မဟုတ် နာမည်ကိုပဲယူသုံးပြီး သီးခြားဇာတ်လမ်းလားဆိုတာတော့ မသိရသေးပါဘူး။

ဒါဗပမယ့် ဂန္ထဝင်စာပေလက်ရာတစ်ခုရဲ့ အမည်ကို တိုက်ရိုက်ယူသုံးပြီး မူရင်းစာရေးဆရာရဲ့ အမည်ကို ချန်လှပ်ထားတဲ့အပေါ်စာပေလောကသားတွေနဲ့ စာဖတ်ပရိသတ်တွေကြားမှာ ဝေဖန်နေကြပါတယ်။

“ပထမံဆရာသိန်း” ဆိုတာ မြန်မာစာဖတ်ပရိသတ်တွေ ရင်ထဲမှာ စွဲမြဲနေတဲ့ ဂန္ထဝင်ဇာတ်ကောင်နဲ့ ဝတ္ထုနာမည် ဖြစ်ပါတယ်။ ဒီနာမည်ကို သုံးပြီး တခြားဇာတ်လမ်းရေးသူ တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးတဲ့အခါ မူရင်းဝတ္ထုကို ပြန်ရိုက်တာလို့ ပရိသတ်က ထင်ယောင်ထင်မှား ဖြစ်သွားနိုင်သလို၊ မူရင်းစာရေးဆရာရဲ့ ဖန်တီးမှုအရသာ ပျက်စီးသွားမှာကို စာပေချစ်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပထမံဆရာသိန်းဇာတ်လမ်းတွဲကို ဒါရိုက်တာ ထွဋ်တင့်ထွန်း၊ တွဲဖက်ဒါရိုက်တာ ဇီဇဝါ၊ ဇာတ်ညွှန်း ပိုင်စိုးသူအောင်နဲ့ ရိုက်ကူးရေး (D.O.P) ရှိုင်းလင်းကိုတို့က ရိုက်ကူးမယ်လို့ သိရပါတယ်။

သရုပ်ဆောင်တွေအဖြစ် သိန်းလင်းစိုး ၊ နေရဲ ၊ သဇင်နွယ်ဝင်း ၊ မြတ်ကေသီအောင် ၊ မင်းသူ ၊ မိုးဇင် ၊ သီဟ ၊ ဝေရှိုင်း ၊ ဘုန်းမြတ်လင်း ၊ ဆက်ထူးသစ် ၊ ကိုနိုင်ဝင်း ၊ မြမျက်ချယ် ၊ ယဉ်မင်းပိုက် ၊ ဆုယုနိုင်တို့ ပါဝင်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook