Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ် မြို့မစျေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မြို့မစျေးမှာ တော်လှန်ပြ​ည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၃) နံနက်က ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မြို့မစျေးမှာ တော်လှန်ပြ​ည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၃) နံနက်က ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၂၃၊၂၀၂၆။သုည/Peoples Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မြို့မစျေးမှာ တော်လှန်ပြ​ည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၃) နံနက်က ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက “Free Her Free Them All”၊ “Our Money Our Choice Our Future”၊ “ခွန်အားကိုမျှဝေတော်လှန်ရေးကိုရှေ့ဆက်” ၊ “သာတူညီမျှတဲ့လောကလူထုအားနဲ့တိုက်ယူကြ” စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ မိသားစု ပုံမှန်အဆက်အသွယ်ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးနဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းလှုပ်ရှားမှုကို လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ စစ်ကိုင်းမြို့နယ်လူထုသပိတ်အင်အားစုတို့ ပူးပေါင်းပြုလုပ်ခဲ့တာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ FREE HER လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။

ဆက်စပ်သတင်းများ

Facebook