Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကို နေရာလေးခု၌ တိုက်ခိုက်ရာ ​သေဆုံးမှုများဟု ဗိုလ်နဂါး​ပြော

“မိုင်း​တွေ မိတာက နှစ်ဖက်ညှပ်ပြီး​​ထောင်ထားတဲ့မိုင်း​တွေမိတာ။ ​တော်​တော်​လေး ​သေ​လောက်တယ်”ဟု ဗိုလ်နဂါးက ​ပြောသည်။

​​ပျောက်ဆုံး​နေသည့် ရဲ​ဘော်သုံးဦးပြန်တွေ့

အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့(ဒီဇင်ဘာ ၃၁ ရက်)တွင် နေရာ ​လေးခု၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​ခေါင်း​ဆောင် ဗိုလ်နဂါးက လူထု​နွေဦးသို့ ​ပြောသည်။

“မိုင်း​တွေ မိတာက နှစ်ဖက်ညှပ်ပြီး​​ထောင်ထားတဲ့မိုင်း​တွေမိတာ။ ​တော်​တော်​လေး ​သေ​လောက်တယ်”ဟု ဗိုလ်နဂါးက ​ပြောသည်။

ယနေ့ နံနက် ၈နာရီခန့်က လက်ပုကန်ကျေးရွာ အနေက်မြောက်ဘက် သဲတောမကွင်းအတွင်း၌ စစ်ကောင်စီတပ်မှအင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပုလဲပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

နေ့လည်ပိုင်းတွင် ဦးနှောက်ကျေးရွာအတွင်း၌ လည်း ကောင်း၊ မွန်းလွဲပိုင်းတွင် သပြေကုန်းရွာအနီး စစ်ယဉ်တန်းအား လည်းကောင်း တိုခိုက်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ယနေ့ညနေပိုင်းတွင်လည်း လက်ပုကန်ရွာအနီးတွင် စစ်ကောင်စီတပ်ယဉ်တန်းကို ထပ်မံ တိုက်ခိုက်ခဲံ့ကြောင်း ဖော်ပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ရက်ကလည်း ပုလဲမြို့နယ်အတွင်း ဝင်ရောက်ပြီး နောက်ကြောင်း ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများကို ပုလဲ PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၃ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း အဆက်အသွယ်ပြတ်​တောက် ​ပျောက်ဆုံး​နေသည့် ရဲ​​ဘော်သုံးဦးမှာလည်း ယ​နေ့ ​ကောင်းမွန်စွာဖြင့် ပြန်​တွေ့ရှိခဲ့​ကြောင်း ဗိုလ်နဂါးက ​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook