Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်ရာတွင် ကရင်တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးအားကိုးကြောင်း NUG ဝန်ကြီးချုပ်ပြော

ထိုသို့သော အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံး၏ တစ်ဦးချင်း အရည်အသွေး စိတ်ဓာတ်တို့သည် အထူးအရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည် အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် အထက်မြက်ဆုံးသော လက်နက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။

(KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဖားအံမြို့နယ် မော်ပယ်ခို့ရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၂၇၆၁)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမြင်ကွင်း၊ ဓာတ်ပုံ - KIC)

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများအနေဖြင့် နိုင်ငံနှင့်အဝန်းကြုံတွေ့နေရသည့် အကြမ်း ဖက်စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်များကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်လျက်ရှိရာ ဖြောင့်မတ်တည်ကြည်သတ္တိကြီးသော ကရင်တိုင်းရင်း သားများ၏စွမ်းရည်ကို အထူးအလေးထား အားကိုးကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

(KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဖားအံမြို့နယ် မော်ပယ်ခို့ရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၂၇၆၁)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမြင်ကွင်း၊ ဓာတ်ပုံ – KIC)

ယနေ့ ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သို့ NUG ခေါင်းဆောင် ကရင်တိုင်းရင်းသား တစ်ဦးလည်းဖြစ်သူ မန်းဝင်းခိုင်သန်းက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်၏ ဆိုးကျိုးဒဏ်ရာ ဒဏ်ချက်များကို ပြင်းထန်စွာ ခံစားခဲ့ရသော ကရင်တိုင်းရင်းသားများသည် တန်းတူညီမျှ အခွင့် အရေးရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို မဖြစ်မနေ ဖော်ဆောင်ပြီး ငြိမ်းချမ်းသာယာ ၀ပြောသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဦးတည်လျှေက်လှမ်းကြမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြော သည်။

တောင်ပေါ် မြေပြန့် ကျေးလက်မြို့ပြမကျန် လူမမယ် ကလေးသူငယ်များ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများ၊ အနုပညာရှင်များ အာဏာရှင်အောက် ဒူးမထောက်ဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ အလုပ်သမား၊ လယ်သမားများ၊ နယ်ပယ်အသီးသီးမှ အာဏာရှင်ကို နည်းမျိုးစုံဖြင့် ခုခံတော်လှန်နေကြသည့် တော်လှန်ရေး ရဲဘော်များအးလုံး စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့်အချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဖားအံမြို့နယ် မော်ပယ်ခို့ရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၂၇၆၁)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမြင်ကွင်း၊ ဓာတ်ပုံ – KIC)

ထိုသို့သော အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံး၏ တစ်ဦးချင်း အရည်အသွေး စိတ်ဓာတ်တို့သည် အထူးအရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည် အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် အထက်မြက်ဆုံးသော လက်နက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။