Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်ရာတွင် ကရင်တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူးအားကိုးကြောင်း NUG ဝန်ကြီးချုပ်ပြော

ထိုသို့သော အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံး၏ တစ်ဦးချင်း အရည်အသွေး စိတ်ဓာတ်တို့သည် အထူးအရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည် အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် အထက်မြက်ဆုံးသော လက်နက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။

(KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဖားအံမြို့နယ် မော်ပယ်ခို့ရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၂၇၆၁)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမြင်ကွင်း၊ ဓာတ်ပုံ - KIC)

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများအနေဖြင့် နိုင်ငံနှင့်အဝန်းကြုံတွေ့နေရသည့် အကြမ်း ဖက်စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်များကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်လျက်ရှိရာ ဖြောင့်မတ်တည်ကြည်သတ္တိကြီးသော ကရင်တိုင်းရင်း သားများ၏စွမ်းရည်ကို အထူးအလေးထား အားကိုးကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

(KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဖားအံမြို့နယ် မော်ပယ်ခို့ရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၂၇၆၁)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမြင်ကွင်း၊ ဓာတ်ပုံ – KIC)

ယနေ့ ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သို့ NUG ခေါင်းဆောင် ကရင်တိုင်းရင်းသား တစ်ဦးလည်းဖြစ်သူ မန်းဝင်းခိုင်သန်းက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်၏ ဆိုးကျိုးဒဏ်ရာ ဒဏ်ချက်များကို ပြင်းထန်စွာ ခံစားခဲ့ရသော ကရင်တိုင်းရင်းသားများသည် တန်းတူညီမျှ အခွင့် အရေးရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို မဖြစ်မနေ ဖော်ဆောင်ပြီး ငြိမ်းချမ်းသာယာ ၀ပြောသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဦးတည်လျှေက်လှမ်းကြမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြော သည်။

တောင်ပေါ် မြေပြန့် ကျေးလက်မြို့ပြမကျန် လူမမယ် ကလေးသူငယ်များ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများ၊ အနုပညာရှင်များ အာဏာရှင်အောက် ဒူးမထောက်ဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ အလုပ်သမား၊ လယ်သမားများ၊ နယ်ပယ်အသီးသီးမှ အာဏာရှင်ကို နည်းမျိုးစုံဖြင့် ခုခံတော်လှန်နေကြသည့် တော်လှန်ရေး ရဲဘော်များအးလုံး စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့်အချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၇) ဖားအံမြို့နယ် မော်ပယ်ခို့ရွာတွင် ယနေ့ကျင်းပပြုလုပ်သည့် (၂၇၆၁)ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားမြင်ကွင်း၊ ဓာတ်ပုံ – KIC)

ထိုသို့သော အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံး၏ တစ်ဦးချင်း အရည်အသွေး စိတ်ဓာတ်တို့သည် အထူးအရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည် အရေးတော်ပုံကြီး အောင်မြင်ရေးအတွက် အထက်မြက်ဆုံးသော လက်နက်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။