Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒုရဲအုပ်ချယ်ရီထက်ကို ထောင် ၃ နှစ်ချကာ ရမည်းသင်းထောင်ပို့

စစ်ကောင်စီဘက်ကတော့ ဒုရဲအုပ်ချယ်ရီထက်ဟာ NUG နဲ့ဆက်သွယ်လို့ ဖမ်းဆီးတရားစွဲရတာလို့ ပြောထားတာရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ကို ထောင် ၃ နှစ်ချလိုက်ပြီး ရမည်းသင်းထောင်ကိုပို့လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒုရဲအုပ် ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ ထောင်ချလိုက်တာဖြစ်ပြီး စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ကို ဆက်လက်ရင်ဆိုင်ရဦးမှာပါ။

ဒုရဲအုပ်ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ နေပြည်တော် က ဝန်ထမ်း အိမ်ရာမှာ စောင့်ကြည့်ခံခဲ့ရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒုရဲအုပ်ချယ်ရီထက်ဟာ NUG နဲ့ဆက်သွယ်လို့ ဖမ်းဆီးတရားစွဲရတာလို့ ပြောထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။