Connect with us

Hi, what are you looking for?

LuduNwayOo

News

ကယန်းသာယာရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးများ

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက သူတို့လာမယ့်လမ်း ကြောင်းအတိုင်း ကြို​စောင့်တယ်။ဒါကြောင့် စစ်တပ်က သေဆုံးအထိအခိုက်များခဲ့တာ”ဟု ကရင်နီတပ်မတော်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

▪️ဗိုလ်ကြီးနှစ်ဦးနှင့် တပ်သား၁၅ဦး​သေဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ထုတ်ပြန်

လွိုင်ကော်မြို့ ကယန်းသာယာ​ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးနှစ်ဦးနှင့် တပ်သား ၁၅ဦး သေဆုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။

ယ​နေ့(ဇန်နဝါရီ ၆ ရက် )နံနက် ၅ နာရီခွဲခန့်က အင်အား ၂၀၀ခန့်ပါသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF)တပ်ရင်း (၂) ၊ တပ်ရင်း(၃)နှင့် PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ပါ ကရင်နီတပ်မတော်က သိမ်းဆည်းနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက သူတို့လာမယ့်လမ်း ကြောင်းအတိုင်း ကြို​စောင့်တယ်။ဒါကြောင့် စစ်တပ်က သေဆုံးအထိအခိုက်များခဲ့တာ”ဟု ကရင်နီတပ်မတော်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ် ဒီးမော့ဆို ခြောက်မိုင် ကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး အထိအခိုက်အကျအဆုံးကို မသိရသေးပေ။

ဇန်နဝါရီ ၄ ရက်ကလည်း ကရင်နီပြည်နယ် ရှား​တောတိုက်ပွဲ စစ်​ကောင်စီတပ်မှ အကျအဆုံးများ​
ဒုတပ်ရင်းမှူး ကျော်သူစိုးအပါအဝင် ၁၆ဦးသေဆုံးကြောင်း ကရင်နီတပ်မတော် (KA)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။