Connect with us

Hi, what are you looking for?

News

ကယန်းသာယာရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးများ

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက သူတို့လာမယ့်လမ်း ကြောင်းအတိုင်း ကြို​စောင့်တယ်။ဒါကြောင့် စစ်တပ်က သေဆုံးအထိအခိုက်များခဲ့တာ”ဟု ကရင်နီတပ်မတော်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

▪️ဗိုလ်ကြီးနှစ်ဦးနှင့် တပ်သား၁၅ဦး​သေဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ထုတ်ပြန်

လွိုင်ကော်မြို့ ကယန်းသာယာ​ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးနှစ်ဦးနှင့် တပ်သား ၁၅ဦး သေဆုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။

ယ​နေ့(ဇန်နဝါရီ ၆ ရက် )နံနက် ၅ နာရီခွဲခန့်က အင်အား ၂၀၀ခန့်ပါသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF)တပ်ရင်း (၂) ၊ တပ်ရင်း(၃)နှင့် PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ပါ ကရင်နီတပ်မတော်က သိမ်းဆည်းနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက သူတို့လာမယ့်လမ်း ကြောင်းအတိုင်း ကြို​စောင့်တယ်။ဒါကြောင့် စစ်တပ်က သေဆုံးအထိအခိုက်များခဲ့တာ”ဟု ကရင်နီတပ်မတော်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ကရင်နီပြည်နယ် ဒီးမော့ဆို ခြောက်မိုင် ကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး အထိအခိုက်အကျအဆုံးကို မသိရသေးပေ။

ဇန်နဝါရီ ၄ ရက်ကလည်း ကရင်နီပြည်နယ် ရှား​တောတိုက်ပွဲ စစ်​ကောင်စီတပ်မှ အကျအဆုံးများ​
ဒုတပ်ရင်းမှူး ကျော်သူစိုးအပါအဝင် ၁၆ဦးသေဆုံးကြောင်း ကရင်နီတပ်မတော် (KA)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook