Connect with us

Hi, what are you looking for?

News

လှိုင်သာယာ ရုံးရှေ့မှတ်တိုင်အနီး ကင်းစခန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား နှစ်ဦးသေ

“နေ့စဉ် တိုက်ခိုက်နိုင်ဖို့အတွက် မဟာမိတ်တွေ ပူးပေါင်း ဆောင်ရွက်မှုတွေ ညိနှိုင်းမှုတွေ လုပ်နေပါတယ်။ ပြည်သူတွေမျှော်လင့်တဲ့အတိုင်း ဖြစ်လာတော့မှာပါ”ဟု CGF-YGN မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

People's Spring
People's Spring

လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်ကင်းစခန်းတစ်ခုအား ဒေသဆိုင်ရာ ​ပျောက်ကြားတပ် Spring Revolution Frames-SRF မှ အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း ၎င်း၏ မဟာမိတ် CGF-YGNက ယနေ့(ဇန်နဝါရီ ၆) ထုတ်ပြန်သည်။

“Spring Revolution Flames SRF မှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူနှစ်ယောက်ကျဆုံးပြီး ပြည်သူ့ဘက်တော်သား တော်လှန်ရေးညီအကိုများ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ပြီဖြစ်ပါသည်”ဟု CGF-YGN က ဆိုသည်။

“နေ့စဉ် တိုက်ခိုက်နိုင်ဖို့အတွက် မဟာမိတ်တွေ ပူးပေါင်း ဆောင်ရွက်မှုတွေ ညိနှိုင်းမှုတွေ လုပ်နေပါတယ်။ ပြည်သူတွေမျှော်လင့်တဲ့အတိုင်း ဖြစ်လာတော့မှာပါ”ဟု CGF-YGN မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

တိုက်ခိုက်ခံရသည့် ရဲကင်းတွင် စစ်ကောင်စီတပ် သားခုနစ်ဦးရှိရာ အနီးကပ်ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ‘ပျံလွှာအောင်’ စစ်ဆင်ရေးတစိတ်တပိုင်းအဖြစ် စစ်ရေးတုန့်ပြန်တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုစစ်ဆင်ရေးတစိတ်တပိုင်းအဖြစ် စစ်ရေးတုန့်ပြန်တိုက်ခိုက်မှုများတွင် ယနေ့(ဇန်နဝါရီ ၆)နံနက်အစောပိုင်းက ရွှေပေါက္ကံမြို့နယ် လျှပ်စစ်မီတာရုံးဘေး ဘောလုံးကွင်းရှိ စစ်ကောင်စီတပ်အား CGF-YGNနှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook