လှိုင်သာယာမြို့နယ် ရုံးရှေ့မှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်ကင်းစခန်းတစ်ခုအား ဒေသဆိုင်ရာ ပျောက်ကြားတပ် Spring Revolution Frames-SRF မှ အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း ၎င်း၏ မဟာမိတ် CGF-YGNက ယနေ့(ဇန်နဝါရီ ၆) ထုတ်ပြန်သည်။
“Spring Revolution Flames SRF မှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူနှစ်ယောက်ကျဆုံးပြီး ပြည်သူ့ဘက်တော်သား တော်လှန်ရေးညီအကိုများ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ပြီဖြစ်ပါသည်”ဟု CGF-YGN က ဆိုသည်။
“နေ့စဉ် တိုက်ခိုက်နိုင်ဖို့အတွက် မဟာမိတ်တွေ ပူးပေါင်း ဆောင်ရွက်မှုတွေ ညိနှိုင်းမှုတွေ လုပ်နေပါတယ်။ ပြည်သူတွေမျှော်လင့်တဲ့အတိုင်း ဖြစ်လာတော့မှာပါ”ဟု CGF-YGN မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
တိုက်ခိုက်ခံရသည့် ရဲကင်းတွင် စစ်ကောင်စီတပ် သားခုနစ်ဦးရှိရာ အနီးကပ်ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
အထက်ပါတိုက်ခိုက်မှုကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ‘ပျံလွှာအောင်’ စစ်ဆင်ရေးတစိတ်တပိုင်းအဖြစ် စစ်ရေးတုန့်ပြန်တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုစစ်ဆင်ရေးတစိတ်တပိုင်းအဖြစ် စစ်ရေးတုန့်ပြန်တိုက်ခိုက်မှုများတွင် ယနေ့(ဇန်နဝါရီ ၆)နံနက်အစောပိုင်းက ရွှေပေါက္ကံမြို့နယ် လျှပ်စစ်မီတာရုံးဘေး ဘောလုံးကွင်းရှိ စစ်ကောင်စီတပ်အား CGF-YGNနှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့သေးသည်။


















































