Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအားထုတ်မှုများကို လေးစားလိုက်နာရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို CRPH တိုက်တွန်း

ကမ္ဘောဒီးယား ဝန်ကြီးချုပ်အနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ချက်အပေါ် လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် မြန်မာပြည်သူများက အလွန်ဒေါသထွက်နေကြောင်း CRPH ကထုတ်ပြန်သည်။

(မြန်မာနိုင်ငံသို့လာရန် ​လေယာဥ်​ပေါ် တက်ရန် လမ်း​လျှောက်လာ​သောဟွန်ဆန်ကို လက်အုပ်ချီ နှုတ်ဆက်​နေ​သော က​မ္ဘောဒီးယားအစိုးရ အဖွဲ့ဝင်များ။ ဓါတ်ပုံ-ဟွန်ဆန်​ဖေစ်ဘွခ်)

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအားထုတ်မှုများကို လေးစားလိုက်နာရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့(ဇန်နဝါရီ ၇ရက်) တိုက်တွန်းထုတ်ပြန်သည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏ နေပြည်တော်ခရီးစဉ်စတင်ချိန်တွင် မြန်မာပြည်သူများအပေါ် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများပြုလုပ်နေသည့် စစ်ခေါင်းဆောင်များကို လူ့အသိုက်အဝိုင်းမှ ဖယ်ကျဉ်ထားရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးတစ်စုံ တစ်ရာမရှိနိုင်ကြောင်း CRPH က ပြောသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်အနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ချက်အပေါ် လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် မြန်မာပြည်သူများက အလွန်ဒေါသထွက်နေကြောင်း CRPH ကထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာပြည်သူလူထုက ဆန္ဒမဲပေး‌ရွေးချယ်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ တို့အပါအဝင် တရားဝင် အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းဆောင်ရွက်ရန်လည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကို ထပ်မံတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် CRPH သည် ပြည်သူလူထုက အပ်နှင်းထားသည့် အခွင့်အာဏာကို ကျင့်သုံးနေသည့် တရားဝင်အဖွဲ့အစည်းဖြစ်ခြင်းကြောင့် မြန်မာပြည်သူ တို့၏ ဆန္ဒသဘောနှင့်အညီ ရပ်တည်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်