Connect with us

Hi, what are you looking for?

News

မတူပီ-ဟားခါးလမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ပြည်သူ ခုနစ်ဦးကိုဖမ်းပြီး လူသားဒိုင်းအဖြစ်သုံးဟု CDF ပြော

ဇန်နဝါရီ ၄ရက်ကလည်း မတူပီ-ဟားခါးလမ်း၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့သည်ဟု မတူပီ CDFက ဆိုသည်။

ချင်းပြည်နယ် မတူပီ – ဟာခါးလမ်း၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူ ခုနစ်ဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်တိုက်ပွဲအတွင်းအသုံးပြုနေကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ယနေ့ ထုတ်ပြန် သည်။

ဇန်နဝါရီ ၆ရက်က မတူပီ – ဟားခါးလမ်း ကီလှုန်းနှင့် လုံလှောရွာ အကြား အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်များကို CDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိ တိုက်ပွဲအခြေအနေ တင်းမာ​နေသော ကြောင့် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရမှုကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအတွင်း CDF ပူးပေါင်းတပ်ဖွဲ့မှ ကျဆုံး ထိခိုက်ဒဏ်ရာရရှိသူမရှိဟုလည်း ထုတ်ပြန်သည်။

ဇန်နဝါရီ ၄ရက်ကလည်း မတူပီ-ဟားခါးလမ်း၌ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့သည်ဟု မတူပီ CDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃ရက်နှင့် ၄ရက်ကလည်း မတူပီ – ပလက်၀ လမ်းရှိ စစ်ကောင်စီတပ်၏ ထယ်ဘွေးစခန်းကို CDFက တိုက်ခိုက်ခဲ့၍ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ပြီး CDF တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook