ကယားပြည်နယ် ဒီးမော့ဆိုမြို့ ငွေတောင်ဆည် အနီး တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)တပ်ဖွဲ့ဝင် မောင်အန်ပရောရှို ၏ ဈာပနအခမ်းအနားကို ယနေ့(ဇန်နဝါရီ ၇ ရက်)တွင် ပြုလုပ်ခဲ့သည်။

ငွေတောင်ဆည်အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဇန်နဝါရီ၃ရက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲဘော် မောင်အန်ပရောရှိုသည် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ၆ရက် နံနက် ၈ နာရီတွင် ကျဆုံးသွားခဲ့ ခြင်းဖြစ်သည်။

ကျဆုံးသွားသည့် ရဲဘော် မောင်အန်ပရောရှိုအတွက် ကျန်ရစ်သောမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရ ကြောင်းလည်း DMO-PDFက ဆိုသည်။

Public Service Announcement
ဖယ်ဒရယ်ဒီမိုကရေစီ သူရဲကောင်းတစ်ဦးဖြစ်သည့် ရဲဘော်မောင်အန်ပရောရှိုအား အလေးနီပြုရင်း မှတ်တမ်းဂုဏ်ပြုခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်က စ၍ ဇန်နဝါရီ ၃ ရက်အထိ
ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄၀ဦးထက် မနည်းသေဆုံးကာ ကရင်နီတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ လေးဦးခန့်ကျဆုံးခဲ့သည်။


















































