Connect with us

Hi, what are you looking for?

News

ငွေ​တောင်ဆည် တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဒီး​မော့ဆိုPDF ရဲ​ဘော် ​မောင်အန်ပ​ရောရှို၏ စျာပန

ရဲ​ဘော် ​မောင်အန်ပ​ရောရှိုအတွက် ကျန်ရစ်​သောမိသားစုနှင့်အတူ ထပ်တူဝမ်းနည်း​ကြေကွဲရ​ ကြောင်းလည်း DMO-PDFက ဆိုသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့ ငွေ​တောင်ဆည် အနီး တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည့် ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)တပ်ဖွဲ့ဝင် မောင်အန်ပ​ရောရှို ၏ ဈာပနအခမ်းအနားကို ယနေ့(ဇန်နဝါရီ ၇ ရက်)တွင် ပြုလုပ်ခဲ့သည်။

ငွေ​တောင်ဆည်အနီး၌ အကြမ်းဖက်စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့​ဆို (DMO-PDF)နှင့် မဟာမိတ်ပူး​ပေါင်းတပ်များက ဇန်နဝါရီ၃ရက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)တပ်ဖွဲ့ဝင်တစ်ဦးဖြစ်​သည့် ရဲ​ဘော် ​မောင်အန်ပ​ရောရှိုသည် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ၆ရက်​​ ​နံနက် ၈ နာရီတွင် ကျဆုံးသွားခဲ့ ခြင်းဖြစ်သည်။

ကျဆုံးသွားသည့် ရဲ​ဘော် ​မောင်အန်ပ​ရောရှိုအတွက် ကျန်ရစ်​သောမိသားစုနှင့်အတူ ထပ်တူဝမ်းနည်း​ကြေကွဲရ​ ကြောင်းလည်း DMO-PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ဖယ်ဒရယ်ဒီမိုက​ရေစီ သူရဲ​ကောင်းတစ်ဦးဖြစ်သည့် ​ရဲ​ဘော်မောင်အန်ပ​ရောရှိုအား အလေးနီပြုရင်း မှတ်တမ်းဂုဏ်ပြုခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်က စ၍ ဇန်နဝါရီ ၃ ရက်အထိ
ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄၀ဦးထက် မနည်းသေဆုံးကာ ကရင်နီတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ လေးဦးခန့်ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။