Connect with us

Hi, what are you looking for?

News

ကရင်နီစစ်ရှောင်များ၏ ကနဦးလိုအပ်ချက်အတွက် ကျပ်သိန်း ၅၀၀ကျော် ထောက်ပံ့ထားဟု NUG ထုတ်ပြန်

ကရင်နီစစ်ရှောင်များ၏ အရေးပေါ်လိုအပ်ချက်အတွက် စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းနှင့် ငွေသား အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၅၀၀ကျော် ထောက်ပံ့ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာမှုကြောင့် တိုက်ပွဲရှောင်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများကို အလျင်အမြန် ပံ့ပိုးကူညီပေးလျက်ရှိပြီး တိုက်ပွဲရှောင်သူဦးရေများပြားလာသည့်အတွက် အရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ၊ အရေးပေါ် လိုအပ်ချက်များအတွက် အသုံးပြုနိုင်ရေး ကနဦးထောက်ပံ့ငွေများကို ပေးပို့ထားသည်ဟု ဆိုသည်။

စဉ်ဆက်မပြတ် ဆက်လက်ထောက်ပံ့ပေးနိုင်ရေး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၊ Coordination Team for Emergency Relief (CTER) ၊ ကယား(ကရင်နီ) ပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့များ စသည့်သက်ဆိုင်ရာမိတ်ဖတ်အဖွဲ့များ၊ နယ်မြေခံ ကူညီပံ့ပိုးသူများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

လိုအပ်ချက်အရ ညှိနှိုင်းဆွေးနွေး၍ ဆက်လက်ထောက်ပံ့ရန်လည်း စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းလည်း NUGက ထုတ်ပြန်သည်။

ကရင်နီပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ယခုရက်ပိုင်းများအတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် ကရင်နီဒေသခံများ သေဆုံးဒဏ်ရာရမှု ဖြစ်ပေါ်သူများရှိသကဲ့သို့ လွိုင်ကော်မြို့ခံ အများအပြား လည်း စစ်ဘေး တိမ်းရှောင်နေကြရပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။