Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်​နေတာ​တွေကြောင့် ​ကော့ကရိတ်​တောင်ပိုင်းမှာ ရွာသား​အများအပြားတိမ်း​ရှောင်​နေရ

“စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူရှင်တွေလိုအပ်တယ်။ အခြေခံရိက္ခာ ဆန်ဆီဆား စသည်ဖြင့်ပေါ့။ တစ်ကိုယ်ရေသုံးပစ္စည်း ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေးနဲ့ အဝတ်အစား၊ ဆေးဝါးတွေ လိုအပ်တယ်။ အခြေအနေဆိုးလာရင်တော့ စစ်ရှောင်တွေ ထပ်တိုးလာမှာပဲ” လို့ နယ်မြေခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေက ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စားနပ်ရိက္ခာ ဆေးဝါးအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့နယ်မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် မြို့ဟောင်း၊ မောင်းမရွာသစ်နဲ့ ကမိုင်းကုန်းကျေးရွာက ဒေသခံပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ၁ ဦးသေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်တစ်ဦးက ပြောပြတာပါ။

ဒီလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု​တွေကြောင့် ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေဖြစ်ကြတဲ့ ကော့နွဲ့၊ ရွာသစ်ကုန်း၊ မြို့ဟောင်း၊ အံကလော်၊ တတန်ကူး၊ ရွာသစ်၊ ကမိုင်ကုန်းစတဲ့ ကျေးရွာ (၁၃) ရွာက ဒေသခံပြည်သူ (၂၀၀၀)ဝန်းကျင်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းစတာတွေ လိုအပ်တယ်လို့ နယ်မြေခံတစ်ဦးက ပြောပြာပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူရှင်တွေလိုအပ်တယ်။ အခြေခံရိက္ခာ ဆန်ဆီဆား စသည်ဖြင့်ပေါ့။ တစ်ကိုယ်ရေသုံးပစ္စည်း ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေးနဲ့ အဝတ်အစား၊ ဆေးဝါးတွေ လိုအပ်တယ်။ အခြေအနေဆိုးလာရင်တော့ စစ်ရှောင်တွေ ထပ်တိုးလာမှာပဲ” လို့ နယ်မြေခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား စစ်ရေးပဋိပက္ခတွေပြင်းထန်လာပြီး ဒီလိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ကျေးရွာတွေထဲကို မကြာခဏဆိုသလို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook