Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခေါင်းဆောင်ကိုလူရာသွင်းဖို့ ကြိုးပမ်းတဲ့ ဟွန်ဆန်ရဲ့လုပ်ရပ် တရုတ်ထောက်ခံ

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အာဆီယံနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို လူရာသွင်းဖို့ ကြိုးပမ်းနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ကို ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ရှိနေပေမယ့် တရုတ်နိုင်ငံကတော့ ဟွန်ဆန်ရဲ့ဆောင်ရွက်ချက်ကိုအပြည့်အဝ ထောက်ခံတယ်လို့ လူသိရှင်ကြားထုတ်ပြောလိုက်ပါတယ်။

နေပြည်တော်ကိုသွားရောက်ခဲ့တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ သဘောထားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက မနေ့က ဇန်နဝါရီလ ၁၀ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အာဆီယံနည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းတာနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဆိုပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားရဲ့မြန်မာ့အရေး တက်တက်ကြွကြွဆောင်ရွက်ချက်တွေကို အပြည့်အဝထောက်ခံတယ်လို့ လည်း ဝမ်ဝင်ပင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းက ၂ ရက်ကြာလာသွားတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ ပြည်တွင်း ပြည်ပမှာ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင်ရှိခဲ့တာပါ။

လူအခွင့်အရေးချိုးဖောက်ပြီး ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးမှုဟာ ရလဒ်ကောင်းထွက်မှာမဟုတ်တဲ့အကြောင်း NUG ကလည်း ဟွန်ဆန်ကို အသိပေးထားပါတယ်။

ဒါအပြင် မြန်မာနဲ့ ကမ္ဘောဒီးယားအရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဟွန်ဆန်ရဲ့ ခရီးစဉ်ကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်သလို ပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကလည်း ဟွန်ဆန် ရဲ့လုပ်ရပ်ကို ဆန့်ကျင်ကြတာတွေရှိခဲ့ပါတယ်။

ဟွန်ဆန်ဟာ နေပြည်တော်ခရီးစဉ်မတိုင်ခင်ကတည်းက စစ်အုပ်စုခေါင်းဆောင်တွေဟာ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ရှိတယ်လို့ထုတ်ပြောထားသူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။