Connect with us

Hi, what are you looking for?

News

အုတ်ဖိုကန်​ဘောင်ရဲဘက်အကျဥ်းစခန်းစီးနင်းမှုစစ်​ကောင်စီဘက်မှ ၁၁ဦး​သေ၊ PDF ၂ဦးကျဆုံးပြီး​လေးဦးဒဏ်ရာရဟုထုတ်ပြန်

တိုက်ပွဲတွင်ပြည်သူကာကွယ်ရေးတပ်သား ၂ ဦး ကျဆုံးသည့်အပြင် ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တမူးမြို့နယ်၊အုတ်ဖိုကန်ဘောင် ရဲဘက် အကျဉ်းစခန်းကို ယမန်နေ့မနက် ၅နာရီခွဲက ဝင်ရောက်စီးနင်းရာတွင် အကျဉ်းဦးစီး လုံခြုံရေးတပ်ဖွဲဝင် ၁၁ ဦးသေဆုံးပြီး၊ PDFနှစ်ဦး ကျဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF (တမူးမြို့) တပ်ရင်း – ၁ ယနေ့ ညနေပိုင်းတွင်ထုတ်ပြန်သည်။

ဝက်ရှု့​ကျေးရွာအနီးရှိ အကျဉ်းစခန်းကို ဝင်ရောက်စီးနင်းစဉ် စစ်​ကောင်စီလက်​အောက်ခံလုံခြုံရေးတပ်ဖွဲ့များကို PDFတပ်ဖွဲ့ဝင်များက လက်နက်ချရန် တိုက်တွန်းခဲ့သော်လည်း လက်နက်မချဘဲ ပြန်လည် တိုက်ခိုက်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မူဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု PDF(တမူး) ကထုတ်ပြန်သည်။

ထောင်ပိုင်က ၎င်း၏ လုံခြုံရေးများကို လက်နက်မချဘဲ ပြန်လည်ပစ်ခတ်ရန် အော်ဟစ် အမိန့်ပေးခဲ့ပြီး ထောင်ပိုင်ဇနီးက ပစ္စတိုဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ထိုကြောင့် ၎င်းတို့ လင်မယားအပါအဝင် အကျဉ်းထောင်လုံခြုံရေး ၁၁ ဦးသေဆုံးရခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ကျဆုံးရဲဘော်(၂)ဦးထဲမှ (၁)ဦးအလောင်းအား ပြန်လည်ကောက်ယူရန် ကြိုးစားခဲ့ကြသော်လည်း ‌မြေပြင်အခြေနေအရ ၎င်းတို့ကိုင်ဆောင်သော လက်နက်များနှင့်အတူ မလွှဲမရှောင်သာ ချန်ထားခဲ့ရဟု PDF(တမူး)ကထုတ်ပြန်သည်။

တိုက်ပွဲတွင်ပြည်သူကာကွယ်ရေးတပ်သား ၂ ဦး ကျဆုံးသည့်အပြင် ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ၂ ဦးကျဆုံးရခြင်းမှာ ဝန်ထမ်းမိသားစုများအပေါ် ညှာတာထောက်ထား သက်ညှာခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ပါရှိသည်။ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်း၊ ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ညှာတာထောက်ထားကာ ဆောင်ရွက်​တော့မည် မဟုတ်ဘဲ ပြတ်ပြတ်သားသား ရှင်းလင်းဆောင်ရွက်သွားမည်ဟုလည်းလည်း တမူး PDFကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်