Connect with us

Hi, what are you looking for?

News

လွိုင်ကော် တိုက်ပွဲပြင်းထန်ပြီး ယနေ့ညနေတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲ

“ဒီနေ့တစ်နေကုန် တိုက်ပွဲတွေ ဖြစ်နေတာ။ ဒေါဥခူ ပတ်ပတ်လည်ကို ၀ိုင်းပြီး ပစ်နေတာ မနိုင်တော့သူတို့ တပ်အင်အားလည်းကျသွားတော့ လေကြောင်း ပစ်ကူနဲ့စပြီး ပစ်တာ။ ၅နာရီခွဲလောက်က စပစ်တာ ၆နာရီ စွန်းစွန်းလောက်မှာ ပြန်ရုတ်သိမ်းသွားတယ်” ဟု လွိုင်ကော်မြို့ခံက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲသွားကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

လွိုင်ကော်ထောင်ရှိရာ ဒေါဥခူရပ်ကွက်နှင့် မိုင်းလုံးရပ်ကွက်များ၌ နံနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ညနေ ၅နာရီနောက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုက တိုက်လေယာဉ်နဲ့လာကြဲသွားတာ။ မိုင်းလုံးနဲ့ ဒေါဥခူဘက်မှာ။ ဒေါဥခူဘက်မှာ ထောင်ဖောက်နေတာ ထောင်က ပြိုကာနီးဆဲဆဲမှာ။ ထောင်ကို အဓိက ကာကွယ်တာပေါ့။ အဲဒါ တိုက်လေယာဉ် သုံးစီးနဲ့ လာကြဲသွား တာ။ စုစုပေါင်း ၈ကြိမ်လောက်ရှိတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

တိုက်လေလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သားနေအိမ်များ ထိခိုက်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ၎င်း က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့တစ်နေကုန် တိုက်ပွဲတွေ ဖြစ်နေတာ။ ဒေါဥခူ ပတ်ပတ်လည်ကို ၀ိုင်းပြီး ပစ်နေတာ မနိုင်တော့သူတို့ တပ်အင်အားလည်းကျသွားတော့ လေကြောင်း ပစ်ကူနဲ့စပြီး ပစ်တာ။ ၅နာရီခွဲလောက်က စပစ်တာ ၆နာရီ စွန်းစွန်းလောက်မှာ ပြန်ရုတ်သိမ်းသွားတယ်” ဟု လွိုင်ကော်မြို့ခံက ပြောသည်။

စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၂)ကလည်း တိုက်ပွဲသတင်းထုတ်ပြန်ရာ ယနေ့ တိုက်ပွဲ ပြင်းထန်ပြီး ကျဆုံးမှုရှိကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်းဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၇ရက်နှင့် ၈ရက်များကလည်း လက်နက်ကြီးများဖြင့် မြို့ပေါ်ကို ရမ်းသမ်း ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် မြို့ခံ လူထု ခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ တိုက်ပွဲပြင်းထန်ခြင်း၊ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်းတို့ ကြောင့် လွိုင်ကော်မြို့ခံများမှာ အခြားဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို