ရွေးကောက်ပွဲ မှာ မဲမသမာမှု လုပ်ခဲ့တယ်ဆိုတာကို အတည်ပြု နိုင်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တွေရဲ့ ဥက္ကဋ္ဌ တွေနဲ့အဖွဲ့ဝင်တွေကို စစ်ကောင်စီက ခံဝန်ထိုးခိုင်းနေပါတယ်။
ခံဝန်ထိုးမယ်ဆိုရင် ငွေဒဏ်သာချမယ့် ရာဇသတ်ကြီးပုဒ်မ ၁၇၁ (ဆ) နဲ့ စွဲဆိုပေးဖို့စစ်ကောင်စီက စီစဉ်နေတာလို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ တစ်ဦးက People’s Spring ကိုပြောပါတယ်။
လတ်တလောမှာ ဖမ်ဆီးဖို့မကြားမိသေးပေမယ့် မဲမသမာမှု ရှိခဲ့တယ်ဆိုတာကို ဝန်ခံထိုးခိုင်းမယ်ဆိုတာ ကြားနေရတယ်လို့ အဲဒီ ဥက္ကဋ္ဌ က ဆိုပါတယ်။
ဒီလို ဝန်ခံကတိထိုးခိုင်းတာဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ မဲမသမာမှုရှိခဲ့တယ်ဆိုတာကို စစ်ကောင်စီက အတည်ပြု ချက်လိုချင်နေတာလို့ အမည်မဖော်လိုတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ တစ်ဦးက သုံးသပ်ပါတယ်။

Public Service Announcement
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နဲ့အဖွဲ့ဝင်တွေကို ဝန်ခံကတိထိုးပြီး တရားစွဲရာမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့အတွင်းရေးမှူးတွေ့ တရားလိုလုပ်မယ်လို့သိရပါတယ်။
များသောအားဖြင့် ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတွေဟာ စစ်ဘက်က ရောက်လာသူတွေလည်းဖြစ်ပါတယ်။


















































