Connect with us

Hi, what are you looking for?

News

အေးနေဝင်းမိသားစုပိုင် YBS (၅၆) ယာဥ်လိုင်း အဝေးထိန်းမိုင်းနှစ်လုံး ဖောက်ခွဲခံရ

STA အဖွဲ့သည် ဒီဇင်ဘာလအတွင်းကလည်း စစ်တပ်၏ ထောက်တိုင်ဖြစ်သည့် ရွာမကွေ့ရှိ မြတ်မေတ္တာမွန် ဆီဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

(YBS (၅၆) ယာဥ်တစ်စီးကို တွေ့ရစဥ်)

ရန်ကုန်မြို့ သခင်မြပန်းခြံဘေးလမ်းရှိ အေးနေဝင်းမိသားစုပိုင် YBS (၅၆) ယာဥ်လိုင်းကို အဝေးထိန်းမိုင်းနှစ်လုံး ဖောက်ခွဲခဲ့ကြောင်း Special Task Agency of Burma- STA အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၃ရက် နံနက်အစောပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းဖောက်ခွဲမှုကြောင့် အနည်းဆုံး ယာဥ်နှစ်စီး ပျက်စီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဥ်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး အဖွဲ့သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့ကြောင်း STA က ထုတ်ပြန်ထားသည်။

Special Task Agency of Burma- STA အဖွဲ့သည် စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် အဆုံးသတ် တိုက်ပွဲဝင်နေသည့်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီများကို ထောက်ပံ့ပေးနေသည့် ထောက်တိုင်များကိုလည်း ရှင်းလင်းသွားမည်ဟု အတိအလင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

STA အဖွဲ့သည် ဒီဇင်ဘာလအတွင်းကလည်း စစ်တပ်၏ ထောက်တိုင်ဖြစ်သည့် ရွာမကွေ့ရှိ မြတ်မေတ္တာမွန် ဆီဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာအတွင်းကလည်း အေးနေဝင်းမိသားစုပိုင် YBS (၂၀)မှ ယာဥ်တစ်စီးကို မြို့ပြပျောက်ကျားအဖွဲ့တစ်ဖွဲ့က ဆင်မလိုက်မှတ်တိုင်အနီး၌ မီးရှို့ဖျက်ဆီးခဲ့သည်။

Omni Focus ကုမ္ပဏီသည် YBS ယာဥ်လိုင်း ၉ ခု၌ အစီးရေ ၅၀၀ ခန့်ပြေးဆွဲနေပြီး အေးနေဝင်း၏ အစ်ကို ကျော်နေဝင်းက ဦးစီးလုပ်ကိုင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်မြို့နယ် ရွာမကွေ့ မှတ်တိုင်မှာ YBS(၂၂)တစ်စီး မီးခိုးတွေထွက်လာလို့ ကားတံခါးချက်ချင်းဖွင့်မပေးတာကြောင့် ခရီးသည်တွေက ကားပေါ်ကဆင်းဖို့ မှန်တွေရိုက်ခွဲဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာဒီနေ့ (မေ ၁၁ ရက်)မနက်ပိုင်းက YBS ကားတက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။