Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် နတ်ချောင်းရွာမှနေအိမ်များ

“ရွာအခြေအနေက အခုလောလောဆယ် တချို့တဝက် ရွာထဲ ပြန်ကြတဲ့သူ ပြန်ကြတယ်။ အိမ်ကတော့ နောက်ပိုင်း အသစ်ထပ်ရှို့တာမျိုးတော့မရှိဘူး။ အရင်တုန်းက ရှို့ထားတာတွေက စုစုပေါင်း ၂၈အိမ်လောက်ရှိမယ်” ဟု နတ်ချောင်းဒေသခံက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ လအတွင်းက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ရာ Natchaung Youth Foundationက မီးရှို့ ဖျက်ဆီးခံရသည့် နေအိမ်များကို နေအိမ်ပိုင်ရှင်များ၏ အမည်များဖြင့် ပူးတွဲပြီး ယနေ့ဖော်ပြခဲ့သည်။

“ရွာအခြေအနေက အခုလောလောဆယ် တချို့တဝက် ရွာထဲ ပြန်ကြတဲ့သူ ပြန်ကြတယ်။ အိမ်ကတော့ နောက်ပိုင်း အသစ်ထပ်ရှို့တာမျိုးတော့မရှိဘူး။ အရင်တုန်းက ရှို့ထားတာတွေက စုစုပေါင်း ၂၈အိမ်လောက်ရှိမယ်” ဟု နတ်ချောင်းဒေသခံက ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၂ရက်မှစ၍ နတ်ချောင်းရွာသို့ ဝင်ရောက်အကြမ်းဖက်ခဲ့၍ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေအိမ်များသို့မပြန်ရဲဘဲ တောတော်များ၌ တိမ်းရှောင်ခိုလှုံနေသူများ ရှိနေသည်။

နတ်ချောင်းရွာတွင် အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး စစ်ရှောင်များအနေဖြင့် စားဝတ်နေထိုင်းရေ အခက်အခဲများ ကြုံနေရပြီး အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ကျေးရွာသို့ ဝင်ရောက်စဉ် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နတ်ချောင်းရွာခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။