Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်မှာ ငလျင်နှစ်ခု ဆင့်လှုပ်ပြီး ၂၇ ဦးထက်မနည်းသေ

လောလောဆယ် သေဆုံးသူ ဦးရေ ၂၇ ဦး တွေ့ရှိထားပြီး နောက်ထပ်လည်း တိုးလာနိုင်ပါတယ်။ အသေအပျောက် စာရင်းမှာ အမျိုးသမီးတွေ၊ ကလေးတွေ တော်တော်များများ ပါဝင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံမှာ ငလျင်နှစ်ခု ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့တာကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်က ငလျင်တိုင်းတာရေး အေဂျင်စီက အာဖဂန် အနောက်မြောက်ပိုင်း ဘက်ဂစ္စ ဒေသကို ဗဟိုပြုပြီး ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက ငလျင်နှစ်ခု လှုပ်ခတ်သွားကြောင်း ထုတ်ပြန်ပါတယ်။ ငလျင်တွေရဲ့ ပြင်းအားက ရစ်ချ်တာစကေး ၄.၉ နဲ့ ၅.၃ အဆင့်တွေ အသီးသီး ရှိကြပါတယ်။

ငလျင်ဒဏ်ကြောင့် ဒေသတွင်းမှာ နေအိမ်တွေနဲ့ အဆောက်အအုံတချို့ ပြိုကျခဲ့ပါတယ်။ ပြိုကျသွားတာ၊ ဒါမှမဟုတ် သိသိသာသာ ထိခိုက်ပျက်စီးတာတွေ ကြုံခဲ့တဲ့ အိမ်အလုံးပေါင်း ၇၀၀ လောက် ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အာဏာပိုင်တွေဟာ အပျက်အစီးပုံ တစ်ခုအောက်မှာ ကလေး ၄ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ရှာတွေ့ခဲ့ပါတယ်။

ငလျင်နှစ်ခုဟာ နှစ်နာရီလောက်သာ ခြားခဲ့ပြီး ကွာဒစ်နဲ့ မူဂါ ခရိုင်တွေမှာ အသိသာဆုံး သက်ရောက် ခံစားခဲ့ရပါတယ်။ အာဖဂန်မှာ ငလျင်လှုပ်ရင် ထိခိုက်မှုနဲ့ အသေအပျောက်တွေ များလေ့ ရှိပါတယ်။ အကြောင်းကတော့ အိမ်တော်တော်များများဟာ ရွှံ့တွေနဲ့ တည်ဆောက်ထားပြီး ခိုင်မာမှု မရှိတာကြောင့်ပါ။

Public Service Announcement

Public Service Announcement

လောလောဆယ် သေဆုံးသူ ဦးရေ ၂၇ ဦး တွေ့ရှိထားပြီး နောက်ထပ်လည်း တိုးလာနိုင်ပါတယ်။ အသေအပျောက် စာရင်းမှာ အမျိုးသမီးတွေ၊ ကလေးတွေ တော်တော်များများ ပါဝင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘက်ဂစ္စဟာ တာ့ခ်မင်နစ်စတန်နဲ့ နယ်နိမိတ် ထိစပ်နေပြီး အာဖဂန်မှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး၊ အဆင်းရဲဆုံး ဒေသတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လမှာ တာလီဘန် စစ်သွေးကြွတွေရဲ့ အုပ်စိုးမှုအောက် ကျရောက်သွားတဲ့နောက် အရင်ကတည်းက တိုးတက်မှု နှေးကွေးနေတဲ့ အာဖဂန်ဟာ ဘက်ပေါင်းစုံ ဆုတ်ယုတ် ကျဆင်းမှုတွေနဲ့ပါ တွေ့ကြုံနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။