Connect with us

Hi, what are you looking for?

News

ရေလယ်ကျွန်းတွင် စစ်​ကောင်စီတပ်ကို ​ဒေသတွင်းမဟာမိတ်များ ပူး​ပေါင်းတိုက်ခိုက်

“စစ်တပ်က ရေလယ်ကျွန်းကို ဇက်ဆိပ်ကမလာပဲ တောင်ဘက်နွယ်နီ အောင်ပန်းချောင်းဘက်က စက်လှေနဲ့ လာတာပါ။ အလစ်အငိုက်မိမှာစိုးရိမ်တယ်။”ဟု ရေလယ်ကျွန်းဒေသခံတစ်ဦးက ​ပြောသည်။

(ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးလေ့ကျင့်နေစဥ်။ ဓါတ်ပုံ-CJ)

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်အဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ကြသည်။

ယမန်နေ့ ဇန်နဝါရီ ၂၀ ရက် ညနေ ၃နာရီဝန်းကျင်ခန့်က အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ နေရင်းကျေးရွာနှင့် မင်းရွာကျေးရွာကြား အရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် K.N.Tပြောက်ကျားတပ်ဖွဲ့မှ စုပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည် ။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် မင်းရွာကျေးရွာအတွင်းရှိ နေအိမ်များသို့ဦးတည်ပြီး လက်နက်ကြီးများဖြင့်လည်း အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း၊ ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲပြင်းထန်ခဲ့သည့်အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းမဟာမိတ်အဖွဲ့များက ပြောသည်။

“စစ်တပ်က ရေလယ်ကျွန်းကို ဇက်ဆိပ်ကမလာပဲ တောင်ဘက်နွယ်နီ အောင်ပန်းချောင်းဘက်က စက်လှေနဲ့ လာတာပါ။ အလစ်အငိုက်မိမှာစိုးရိမ်တယ်။”ဟု ရေလယ်ကျွန်းဒေသခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

Phoenixအထူးပြောက်ကျားတပ်ဖွဲ့ ၊KNTပြောက်ကျားတပ်ဖွဲ့၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ အထိခိုက်အကျဆုံးကိုလည်း အတိအကျမသိရှိရသေးကြောင်း ၎င်းတို့ကအသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည်မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ဆုံရာကျွန်းပေါ်ကျေးရွာများတွင်ပါဝင်သည့် ရေစကြိုရေလယ်ကျွန်းဒေသကို မကြာခဏစစ်ကြောင်းထိုးကာ အကြမ်းဖက်နေ၍ ဒေသခံများလည်းတိမ်းရှောင်နေရပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။