Connect with us

Hi, what are you looking for?

News

သိုင်းငင်းလမ်းစုံတိုက်ပွဲ ၁၀ရက်အတွင်း စစ်​ကောင်စီတပ် ၇၅ဦး​သေ၊ ​ဒေသခံကာကွယ်​ရေးတပ်များမှ ၃ဦးကျဆုံး

စစ်​ကောင်စီတပ်စစ်​ကြောင်းရှေ့တိုးမရသဖြင့် ဇန်နဝါရီ ၁၅ ရက်မှ စ၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကို စတင်အသုံးပြုလာသည်။ ထိုသို့ အသုံးပြုမူကြောင့် ဒေသခံကာကွယ်ရေးတပ်သား ၇ဦး ဒဏ်ရာရရှိခဲ့သည်။ ထို​နောက်ဇန်နဝါရီ ၁၇ ရက်မှ စတင်ပြီး နေ့စဉ်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

(သိုင်းငင်းလမ်းဆုံ ကို​တွေ့ရစဥ် ။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ သိုင်းငင်းလမ်းဆုံတိုက်ပွဲတွင် ၁၀ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၅ ဦးသေဆုံးခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ကလေး၊ကဘော်၊ ဂန့်ဂေါ)-CDF( KKG)က ယနေ့ထုတ်ပြန်သည်။

တီးတိန်မြို့နယ်အတွင်း ကလေး-သိုင်းငင်းလမ်းတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဇန်နဝါရီ ၁၃ ရက်မှစတင်ပြီး ယနေ့အထိ တိုက်ပွဲများဆက်တိုက်ပြင်းထန်နေသည်။

ထိုတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီက ၇၅ ဦးနှင့် ဒေသခံကာကွယ်ရေးတပ်ပေါင်းစုမှ ၃ ဦး ကျဆုံးခဲ့သည်ဟု CDF(KKG)က ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ခန့်က ခရီးသွားပြည်သူ များကို လူသားဒိုင်းလုပ်ကာ ချင်းတောင်ပေါ် စစ်ကြောင်းချီတက်လာခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၃ ရက်တွင် ကလေး-သိုင်းငင်းလမ်းဘေးရှိ ထေးဇန်ရွာတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့သည်။ ထို​နောက်အကြမ်းဖက်စစ်ကောင်စီတပ်ကထေးဇန်ရွာမှ အိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်တွင်လည်း ဟိန်ဇန်ရွာ၌ စစ်ကောင်စီတပ်များက ဒေသခံတစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်စစ်​ကြောင်းရှေ့တိုးမရသဖြင့် ဇန်နဝါရီ ၁၅ ရက်မှ စ၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကို စတင်အသုံးပြုလာသည်။ ထိုသို့ အသုံးပြုမူကြောင့် ဒေသခံကာကွယ်ရေးတပ်သား ၇ဦး ဒဏ်ရာရရှိခဲ့သည်။ ထို​နောက်ဇန်နဝါရီ ၁၇ ရက်မှ စတင်ပြီး နေ့စဉ်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်တွင်အကြမ်းဖက်စစ်ကောင်စီက သိုင်းငင်းလမ်းဆုံကို တီးတိန်နှင့် ဖလမ်းမြို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထပ်မံတိုက်ခိုက်သဖြင့် တိုက်ပွဲပိုမိုပြင်းထန်ခဲ့သည်။
ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၀ သေဆုံးပြီး လက်နက်ကြီး ၊​လေ​ကြောင်းတိုက်ခိုက်မှုများ​ကြောင့် လက်နက်အင်အားမမျှသဖြင့် ဒေသခံကာကွယ်ရေးတပ်များက သိုင်းငင်းလမ်းဆုံမှ ဆုတ်ခွာပေးခဲ့ရသည်။

ထိုတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်များမှ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများ ဖြစ်သည့် CDM Siyin၊ CDF-KKG တပ်ရင်း ၂ ၊ CNA ၊ PDF Zoland၊ PDF Kalay တပ်ရင်း ၃-၈-၉, Zogam Army၊ PDA၊ CNDF ၊Zomi PDF တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook