Connect with us

Hi, what are you looking for?

LuduNwayOo

News

သိုင်းငင်းလမ်းစုံတိုက်ပွဲ ၁၀ရက်အတွင်း စစ်​ကောင်စီတပ် ၇၅ဦး​သေ၊ ​ဒေသခံကာကွယ်​ရေးတပ်များမှ ၃ဦးကျဆုံး

စစ်​ကောင်စီတပ်စစ်​ကြောင်းရှေ့တိုးမရသဖြင့် ဇန်နဝါရီ ၁၅ ရက်မှ စ၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကို စတင်အသုံးပြုလာသည်။ ထိုသို့ အသုံးပြုမူကြောင့် ဒေသခံကာကွယ်ရေးတပ်သား ၇ဦး ဒဏ်ရာရရှိခဲ့သည်။ ထို​နောက်ဇန်နဝါရီ ၁၇ ရက်မှ စတင်ပြီး နေ့စဉ်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

(သိုင်းငင်းလမ်းဆုံ ကို​တွေ့ရစဥ် ။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ သိုင်းငင်းလမ်းဆုံတိုက်ပွဲတွင် ၁၀ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၅ ဦးသေဆုံးခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ကလေး၊ကဘော်၊ ဂန့်ဂေါ)-CDF( KKG)က ယနေ့ထုတ်ပြန်သည်။

တီးတိန်မြို့နယ်အတွင်း ကလေး-သိုင်းငင်းလမ်းတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဇန်နဝါရီ ၁၃ ရက်မှစတင်ပြီး ယနေ့အထိ တိုက်ပွဲများဆက်တိုက်ပြင်းထန်နေသည်။

ထိုတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီက ၇၅ ဦးနှင့် ဒေသခံကာကွယ်ရေးတပ်ပေါင်းစုမှ ၃ ဦး ကျဆုံးခဲ့သည်ဟု CDF(KKG)က ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ခန့်က ခရီးသွားပြည်သူ များကို လူသားဒိုင်းလုပ်ကာ ချင်းတောင်ပေါ် စစ်ကြောင်းချီတက်လာခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၃ ရက်တွင် ကလေး-သိုင်းငင်းလမ်းဘေးရှိ ထေးဇန်ရွာတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့သည်။ ထို​နောက်အကြမ်းဖက်စစ်ကောင်စီတပ်ကထေးဇန်ရွာမှ အိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်တွင်လည်း ဟိန်ဇန်ရွာ၌ စစ်ကောင်စီတပ်များက ဒေသခံတစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်စစ်​ကြောင်းရှေ့တိုးမရသဖြင့် ဇန်နဝါရီ ၁၅ ရက်မှ စ၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကို စတင်အသုံးပြုလာသည်။ ထိုသို့ အသုံးပြုမူကြောင့် ဒေသခံကာကွယ်ရေးတပ်သား ၇ဦး ဒဏ်ရာရရှိခဲ့သည်။ ထို​နောက်ဇန်နဝါရီ ၁၇ ရက်မှ စတင်ပြီး နေ့စဉ်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်တွင်အကြမ်းဖက်စစ်ကောင်စီက သိုင်းငင်းလမ်းဆုံကို တီးတိန်နှင့် ဖလမ်းမြို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထပ်မံတိုက်ခိုက်သဖြင့် တိုက်ပွဲပိုမိုပြင်းထန်ခဲ့သည်။
ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၀ သေဆုံးပြီး လက်နက်ကြီး ၊​လေ​ကြောင်းတိုက်ခိုက်မှုများ​ကြောင့် လက်နက်အင်အားမမျှသဖြင့် ဒေသခံကာကွယ်ရေးတပ်များက သိုင်းငင်းလမ်းဆုံမှ ဆုတ်ခွာပေးခဲ့ရသည်။

ထိုတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်များမှ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများ ဖြစ်သည့် CDM Siyin၊ CDF-KKG တပ်ရင်း ၂ ၊ CNA ၊ PDF Zoland၊ PDF Kalay တပ်ရင်း ၃-၈-၉, Zogam Army၊ PDA၊ CNDF ၊Zomi PDF တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။