Connect with us

Hi, what are you looking for?

News

ဒေသကာကွယ်ရေးတပ်၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေပြီး​နောက်ရွာကို မီးရှို့

စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကြောင့် ရွာစိုးရွာ ဒေသခံများ ဖမ်းဆီးခံရမှုများရှိကြောင်း၊ လတ်တလောတွင် ရွာစိုးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှလည်း တိမ်းရှောင်နေကြရကြောင်း ဒေသခံက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ရွာစိုးရွာကိုမီးရှို့ခဲ့သည်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ရွာစိုးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်းတွင် မီးရှို့ခဲ့၍ ညပိုင်းအထိ ကျေးရွာရှိနေအိမ်များ မီးလောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့( ဇန်နဝါရီ ၂၄)မနက်တွင် စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ခန့် ရွာစိုးရွာသို့ ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ခုခံတိုက်ခိုက်ခဲ့ကြောင်း ၎င်းက​ပြောသည်။

“သူတို့ဘက်ကလည်း ၁၀ယောက်လောက်သေတယ်လို့ ကြားတယ် စစ်သားတွေဘက်က။ သူတို့က စိတ်ဆိုးပြီးတော့ မီးရှို့တာထင်တာပဲ။ ဗိုလ်ကကို ရှို့ခိုင်းတာတဲ့” ဟု အထက်ပါဒေသခံကပြောသည်။

စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကြောင့် ရွာစိုးရွာ ဒေသခံများ ဖမ်းဆီးခံရမှုများရှိကြောင်း၊ လတ်တလောတွင် ရွာစိုးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှလည်း တိမ်းရှောင်နေကြရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်