Connect with us

Hi, what are you looking for?

News

ကျောက်ထုနယ်​မြေ တိုက်ပွဲတွင် ​လေးရက်အတွင်း ​စစ်​ကောင်စီတပ်သား ၂၂ဦး​သေဟု PDF​ပြော

ဇန်နဝါရီ ၂၂ ရက်ကစ၍ ကြီး-ရွှေအောင်သာ ကျေးရွာကြားတွင် ညအိပ်သော အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား ကျောက်ထု PDFက လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မကွေးတိုင်း ကျောက်ထုနယ်မြေတိုက်ပွဲတွင် ​လေးရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ဦးထက်မနည်းသေဆုံးကြောင်း ကျောက်ထု PDFက ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန် သည်။

“လက်ရှိ စစ်ခွေးတွေရဲ့အနေအထားက ကျောက်ထု အမြှောက်တပ်မှာ ပြန်စုနေတယ်။သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေကိုပါ အမြှောက်တပ်ထဲ ထည့်ထားတယ်။ကျွန်တော်တို့ဘက်က ဒီလေးရက်အတွင်း သုံးယောက်ကျပါတယ်ဗျ”ဟု ကျောက်ထု PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၂ ရက်ကစ၍ ကြီး-ရွှေအောင်သာ ကျေးရွာကြားတွင် ညအိပ်သော အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား ကျောက်ထု PDFက လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၂၃ရက် နံနက်ပိုင်းတွင် ရွှေအောင်သာကျေးရွာသို့ သွားသော စစ်​ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်းကျောက်ထု PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၄ ရက်ကလည်း ကြီးကျေးရွာ၌ ဒေသခံများ၏ ဆန်ရိက္ခာကို ဖျက်စီးခြင်း၊ ဆိုင်ကယ်များကိုခိုးယူခြင်းတို့ပြုလုပ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်မှာ ကျောက်ထုမြို့နယ်ဘက်သို့
ထွက်လာစဥ် လမ်းပိုင်းနေရာလေးခုတွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ ဦးထက် မနည်းသေဆုံးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အလားတူ ယနေ့(ဇန်နဝါရီ ၂၅ ရက်)တွင်မိအယ်ကျေးရွာမှ တက်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ငါးဦးသေဆုံးကြောင်း ကျောက်ထု PDF က ဆိုသည်။

ကျောက်ထုမြို့နယ်မှာ ယောဒေသ (ဆော၊ကျောက်ထု၊လောင်းရှည်၊ထီးလင်း၊ဂန့်ဂေါ) အတွင်းပါဝင်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ မကြာခဏ ထိုးစစ်ဆင်မှုများရှိနေသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယောဒေသတွင်းရှိ လေယာဥ်ကွင်းဟောင်းများကို ပြန်လည်ပြင်ဆင်မှုများရှိနေသောကြောင့် စစ်ရေး အရှိန်တိုးမြှင့်လာဖွယ်ရှိကြောင်းလည်း ဒေသခံပြည်သူ့တပ်ဖွဲ့များက သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။