Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ထုနယ်​မြေ တိုက်ပွဲတွင် ​လေးရက်အတွင်း ​စစ်​ကောင်စီတပ်သား ၂၂ဦး​သေဟု PDF​ပြော

ဇန်နဝါရီ ၂၂ ရက်ကစ၍ ကြီး-ရွှေအောင်သာ ကျေးရွာကြားတွင် ညအိပ်သော အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား ကျောက်ထု PDFက လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

မကွေးတိုင်း ကျောက်ထုနယ်မြေတိုက်ပွဲတွင် ​လေးရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ဦးထက်မနည်းသေဆုံးကြောင်း ကျောက်ထု PDFက ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန် သည်။

“လက်ရှိ စစ်ခွေးတွေရဲ့အနေအထားက ကျောက်ထု အမြှောက်တပ်မှာ ပြန်စုနေတယ်။သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေကိုပါ အမြှောက်တပ်ထဲ ထည့်ထားတယ်။ကျွန်တော်တို့ဘက်က ဒီလေးရက်အတွင်း သုံးယောက်ကျပါတယ်ဗျ”ဟု ကျောက်ထု PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၂ ရက်ကစ၍ ကြီး-ရွှေအောင်သာ ကျေးရွာကြားတွင် ညအိပ်သော အကြမ်းဖက်စစ်ကောင်စီအဖွဲ့အား ကျောက်ထု PDFက လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၂၃ရက် နံနက်ပိုင်းတွင် ရွှေအောင်သာကျေးရွာသို့ သွားသော စစ်​ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်းကျောက်ထု PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၄ ရက်ကလည်း ကြီးကျေးရွာ၌ ဒေသခံများ၏ ဆန်ရိက္ခာကို ဖျက်စီးခြင်း၊ ဆိုင်ကယ်များကိုခိုးယူခြင်းတို့ပြုလုပ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်မှာ ကျောက်ထုမြို့နယ်ဘက်သို့
ထွက်လာစဥ် လမ်းပိုင်းနေရာလေးခုတွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ ဦးထက် မနည်းသေဆုံးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အလားတူ ယနေ့(ဇန်နဝါရီ ၂၅ ရက်)တွင်မိအယ်ကျေးရွာမှ တက်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ငါးဦးသေဆုံးကြောင်း ကျောက်ထု PDF က ဆိုသည်။

ကျောက်ထုမြို့နယ်မှာ ယောဒေသ (ဆော၊ကျောက်ထု၊လောင်းရှည်၊ထီးလင်း၊ဂန့်ဂေါ) အတွင်းပါဝင်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ မကြာခဏ ထိုးစစ်ဆင်မှုများရှိနေသည်။

အကြမ်းဖက်စစ်ကောင်စီသည် ယောဒေသတွင်းရှိ လေယာဥ်ကွင်းဟောင်းများကို ပြန်လည်ပြင်ဆင်မှုများရှိနေသောကြောင့် စစ်ရေး အရှိန်တိုးမြှင့်လာဖွယ်ရှိကြောင်းလည်း ဒေသခံပြည်သူ့တပ်ဖွဲ့များက သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။