Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးများဟု PDF ပြော

အကြမ်းဖက်အဖွဲ့ဝင်များ အလစ်အငိုက် အတိုက်ခိုက်ခံလိုက်ရပြီးနောက်ထိခိုက်ကျဆုံးမှုများကြောင်း လွိုင်ကော် PDF ၏ မြေပြင်ရဲဘော်များမှ အတည်ပြုသည်။

စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲဟုဆို

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကျောင်းကုန်းရွာနှင့် ကုန်းဆွတ်ကျေးရွာ အနီး စစ်ကြောင်းထိုးဝင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားဟု ပြည်သူ့ကာကွယ်ရေးတပ် – လွိုင်ကော်က ထုတ်ပြန် သည်။

တိုက်ပွဲမှာ ယနေ့(ဇန်နဝါရီ ၂၈ ရက်) ညနေ ၃ နာရီခန့်မှ စတင်ဖြစ်ပွားကာ ၄၅ မိနစ်ခန့် ကြာမြင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၁၅၀ ခန့်ပါရှိကြောင်း လွိုင်ကော် PDF က ဆိုသည်။

ထိုတိုက်ပွဲတွင် ကရင်နီအမျိုးသားတပ်မတော် KNDF နှင့် လွိုင်ကော် PDF တို့က ခုခံတိုကိခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်အဖွဲ့ဝင်များ အလစ်အငိုက် အတိုက်ခိုက်ခံလိုက်ရပြီးနောက်ထိခိုက်ကျဆုံးမှုများကြောင်း လွိုင်ကော် PDF ၏ မြေပြင်ရဲဘော်များမှ အတည်ပြုသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ညနေ ၅ နာရီခန့်တွင် jet fighter လေယာဉ်နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။