Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးများဟု PDF ပြော

အကြမ်းဖက်အဖွဲ့ဝင်များ အလစ်အငိုက် အတိုက်ခိုက်ခံလိုက်ရပြီးနောက်ထိခိုက်ကျဆုံးမှုများကြောင်း လွိုင်ကော် PDF ၏ မြေပြင်ရဲဘော်များမှ အတည်ပြုသည်။

စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲဟုဆို

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကျောင်းကုန်းရွာနှင့် ကုန်းဆွတ်ကျေးရွာ အနီး စစ်ကြောင်းထိုးဝင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားဟု ပြည်သူ့ကာကွယ်ရေးတပ် – လွိုင်ကော်က ထုတ်ပြန် သည်။

တိုက်ပွဲမှာ ယနေ့(ဇန်နဝါရီ ၂၈ ရက်) ညနေ ၃ နာရီခန့်မှ စတင်ဖြစ်ပွားကာ ၄၅ မိနစ်ခန့် ကြာမြင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၁၅၀ ခန့်ပါရှိကြောင်း လွိုင်ကော် PDF က ဆိုသည်။

ထိုတိုက်ပွဲတွင် ကရင်နီအမျိုးသားတပ်မတော် KNDF နှင့် လွိုင်ကော် PDF တို့က ခုခံတိုကိခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်အဖွဲ့ဝင်များ အလစ်အငိုက် အတိုက်ခိုက်ခံလိုက်ရပြီးနောက်ထိခိုက်ကျဆုံးမှုများကြောင်း လွိုင်ကော် PDF ၏ မြေပြင်ရဲဘော်များမှ အတည်ပြုသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ညနေ ၅ နာရီခန့်တွင် jet fighter လေယာဉ်နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။