Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပဖို့ စီစဉ်

အာဆီယံ အဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပီပီပြင်ပြင် အကောင်အထည် မဖော်သေးသ၍ မြန်မာနိုင်ငံရဲ့ အစိုးရအဆင့် ကိုယ်စားလှယ် တက်ရောက်ခွင့် မပြုဘူးလို့ သတိပေးထားပါတယ်။

အာဆီယံ နိုင်ငံခြား ဝန်ကြီးတွေ အစည်းအဝေးကို နောက်လလယ်မှာ ပြုလုပ်သွားမယ်လို့ အလှည့်ကျ သဘာပတိ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့နိုင်ရေး ကိစ္စကို ဦးစားပေးအဆင့် ဆွေးနွေးသွားမယ်လို့လည်း ကမ္ဘောဒီးယားက ဆိုပါတယ်။

ဒီအတောအတွင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးနဲ့ အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ် တာဝန် ယူထားသူ ပရက်ခ် ဆော့ခွန်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်နေတယ်လို့လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဆော့ခွန်းရဲ့ ဦးစားပေး ရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းဖို့ တညီတညွတ် သဘောတူထားတဲ့ ဘုံသဘောတူညီမှု ၅ ရပ် အကောင်အထည် ပေါ်လာအောင် စေ့စပ် ဆွေးနွေးနိုင်ဖို့ ဖြစ်တယ်လို့လည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင်ဟာ တခြား နိုင်ငံ ခေါင်းဆောင်တွေ နည်းတူ အာဆီယံ အစည်းအဝေး တက်ရောက်ခွင့် ရသင့်တယ်လို့ ဟွန်ဆန်းက လော်ဘီ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့လို နိုင်ငံတွေဆီက တင်းတင်းမာမာ ကန့်ကွက်မှုကြောင့် လေသံ ပြန်ပြောင်းသွားပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ အဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပီပီပြင်ပြင် အကောင်အထည် မဖော်သေးသ၍ မြန်မာနိုင်ငံရဲ့ အစိုးရအဆင့် ကိုယ်စားလှယ် တက်ရောက်ခွင့် မပြုဘူးလို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ခြင်းက အာဆီယံရဲ့ အဖွဲ့ဝင် နိုင်ငံတွေချင်း ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူဝါဒကိုပါ အကြီးအကျယ် စိန်ခေါ်သလို ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အာဆီယံက မြန်မာ့အရေး အထူး အစည်းအဝေးတစ်ရပ် ခေါ်ယူပြီး စေ့စပ်ညှိနှိုင်းရေးကို အဓိက ဦးတည်တဲ့ ဘုံသဘောတူညီမှု ၅ ရပ်ကို သတ်မှတ် ကြေညာခဲ့ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီ အချက်တွေကို လေးစား လိုက်နာမယ်လို့ ပြောခဲ့ပေမယ့် ကတိမတည်ခဲ့သလို မူ ၅ ရပ် အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေ ဘာမှ တိုးတက်မှု မရှိတဲ့နောက် အာဆီယံက မင်းအောင်လှိုင်ကို အစည်းအဝေးတွေ မဖိတ်ဘဲ ဖယ်ထုတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုနှစ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ကျင်းပဖို့ ရည်ရွယ်ထားပြီး စစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမယ့် သဘောမျိုးတော့ မတွေ့ရသေးပါဘူး။ အရင်က ဒီအစည်းအဝေးကို အခုလထဲမှာ ကျင်းပဖို့ လျာထားခဲ့ပေမယ့် တချို့ နိုင်ငံတွေက ဝန်ကြီးတွေဟာ ကမ္ဘောဒီးယားကို လာရောက်ဖို့ အခက်အခဲ ရှိနေတဲ့အတွက် ရက်ရွှေ့ခဲ့ရကြောင်း ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

Facebook