Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပဖို့ စီစဉ်

အာဆီယံ အဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပီပီပြင်ပြင် အကောင်အထည် မဖော်သေးသ၍ မြန်မာနိုင်ငံရဲ့ အစိုးရအဆင့် ကိုယ်စားလှယ် တက်ရောက်ခွင့် မပြုဘူးလို့ သတိပေးထားပါတယ်။

အာဆီယံ နိုင်ငံခြား ဝန်ကြီးတွေ အစည်းအဝေးကို နောက်လလယ်မှာ ပြုလုပ်သွားမယ်လို့ အလှည့်ကျ သဘာပတိ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့နိုင်ရေး ကိစ္စကို ဦးစားပေးအဆင့် ဆွေးနွေးသွားမယ်လို့လည်း ကမ္ဘောဒီးယားက ဆိုပါတယ်။

ဒီအတောအတွင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးနဲ့ အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ် တာဝန် ယူထားသူ ပရက်ခ် ဆော့ခွန်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်နေတယ်လို့လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဆော့ခွန်းရဲ့ ဦးစားပေး ရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းဖို့ တညီတညွတ် သဘောတူထားတဲ့ ဘုံသဘောတူညီမှု ၅ ရပ် အကောင်အထည် ပေါ်လာအောင် စေ့စပ် ဆွေးနွေးနိုင်ဖို့ ဖြစ်တယ်လို့လည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင်ဟာ တခြား နိုင်ငံ ခေါင်းဆောင်တွေ နည်းတူ အာဆီယံ အစည်းအဝေး တက်ရောက်ခွင့် ရသင့်တယ်လို့ ဟွန်ဆန်းက လော်ဘီ လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့လို နိုင်ငံတွေဆီက တင်းတင်းမာမာ ကန့်ကွက်မှုကြောင့် လေသံ ပြန်ပြောင်းသွားပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ အဖွဲ့က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပီပီပြင်ပြင် အကောင်အထည် မဖော်သေးသ၍ မြန်မာနိုင်ငံရဲ့ အစိုးရအဆင့် ကိုယ်စားလှယ် တက်ရောက်ခွင့် မပြုဘူးလို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ခြင်းက အာဆီယံရဲ့ အဖွဲ့ဝင် နိုင်ငံတွေချင်း ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူဝါဒကိုပါ အကြီးအကျယ် စိန်ခေါ်သလို ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အာဆီယံက မြန်မာ့အရေး အထူး အစည်းအဝေးတစ်ရပ် ခေါ်ယူပြီး စေ့စပ်ညှိနှိုင်းရေးကို အဓိက ဦးတည်တဲ့ ဘုံသဘောတူညီမှု ၅ ရပ်ကို သတ်မှတ် ကြေညာခဲ့ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီ အချက်တွေကို လေးစား လိုက်နာမယ်လို့ ပြောခဲ့ပေမယ့် ကတိမတည်ခဲ့သလို မူ ၅ ရပ် အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေ ဘာမှ တိုးတက်မှု မရှိတဲ့နောက် အာဆီယံက မင်းအောင်လှိုင်ကို အစည်းအဝေးတွေ မဖိတ်ဘဲ ဖယ်ထုတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုနှစ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ကျင်းပဖို့ ရည်ရွယ်ထားပြီး စစ်ကောင်စီက ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမယ့် သဘောမျိုးတော့ မတွေ့ရသေးပါဘူး။ အရင်က ဒီအစည်းအဝေးကို အခုလထဲမှာ ကျင်းပဖို့ လျာထားခဲ့ပေမယ့် တချို့ နိုင်ငံတွေက ဝန်ကြီးတွေဟာ ကမ္ဘောဒီးယားကို လာရောက်ဖို့ အခက်အခဲ ရှိနေတဲ့အတွက် ရက်ရွှေ့ခဲ့ရကြောင်း ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာတရုတ်ကနှစ်နိုင်ငံပူးပေါင်းပြီးအွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ အမြစ်ဖျက် ချိုးနှိမ်ရေး ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ဝမ်က ပြောပါတယ်။