ညောင်ဦးမြို့ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးကို ယနေ့ ညဦးပိုင်းတွင် ညီနောင်အဖွဲ့များက သတိပေးဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ် (Bagan Ogre Force)မှ ကိုဘဟိန်းက လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဇန်နဝါရီ၃၀)ည ၇နာရီခန့်တွင် ညောင်ဦးမြို့ EPC ရုံးကို ပြင်းအားပြင်း ဗုံးဖြင့် ဖောက်ခွဲသတိပေးခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“နောက်နောင် မီတာကများ အတင်းအဓမ္မကောက်ခံ မီးဖျက်မှုတွေဆက်တိုက်လုပ်ဆောင်နေရင် ပုဂံဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ထပ်မံဝင်ရောက်တိုက်ခိုက်သွားမှာဖြစ်တယ်”ဟု ကိုဘဟိန်းက ပြောသည်။
ပြည်သူများအပေါ် မီတာခများကောက်ခံခြင်းနှင့် မီးဖြတ်ခြင်းများ ဆက်လက်လုပ်ဆောင်နေပါက EPC ဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများအပေါ် ခြိမ်းခြောက်နေသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုပါ ရှင်းလင်းသွားမည်ဟု Myingyan Twenty one Guerilla Force(MTGF)က ထုတ်ပြန်သည်။

Public Service Announcement
“ရွာတွေလည်း မီတာခမဆောင်ရင် မီးဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး ဆောင်ခိုင်းနေတာ”ဟု ပုဂံမြို့သစ်ရှိ ဒေသခံတစ်ဦးက ပြောသည်။
သို့သော် သတိပေးတိုက်ခိုက်ခြင်းဖြစ်၍ လူထိခိုက်မှုအခြေအနေမှာ မသိရသေးကြောင်း ၎င်း ဆက်လက်ပြောသည်။ အဆိုပါ တိုက်ခိုက်မှုကို Myingyan Twenty one Guerilla Force(MTGF)နှင့် Bagan Ogre Forceတို့ ပူးပေါင်းဆောင်ရွက်ခြင်းဟု ဆက်ပြောသည်။
ယနေ့နံနက်ကလည်း ညောင်ဦးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် ထောက်ခံပွဲပြုလုပ်ရန်စီစဥ်နေသူ ပျူစောထီးခေါင်းဆောင်၏ လက်ရုံး၊ ပျူစောထီးအဖွဲ့ဝင် ဦးတင်စိုးအား ညီနောင်အဖွဲ့များက သေနတ်ဖြင့် သုံးချက်ပစ်သတ်ခဲ့သည်။


















































