Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့က ပျူစောထီးခေါင်းဆောင်နောင်နောင် ရှင်းလင်းမှု ဧရာဒေါင်းတပ်ဖွဲ့ ထုတ်ပြန်

ညောင်ဦးမြို့နယ်က ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ကို အလင်း၀င်မယ်လို့ ဖြားယောင်ခေါ်ဆောင်ပြီး ခေါင်းဆောင်ဖြစ်သူကို ရှင်းလင်းကာ ၂ ဦးကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

( ညောင်ဦးမြို့နယ်က ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ကို တိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ − ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

ဩဂုတ် −၁၁၊၂၀၂၆။ဖိုးသား/People’s Spring

ညောင်ဦးမြို့နယ်က ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ကို အလင်း၀င်မယ်လို့ ဖြားယောင်ခေါ်ဆောင်ပြီး ခေါင်းဆောင်ဖြစ်သူကို ရှင်းလင်းကာ ၂ ဦးကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရှေးဟောင်းမြို့တော် ညောင်ဦးမြို့နယ်မှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပျူစောထီးခေါင်းဆောင် နောင်နောင်နဲ့ နောက်လိုက် ၂ ဦးတို့ဟာ အခုနှစ် ၂၀၂၆ မေလ ၁၀ ရက်က မနက် ၁၁ နာရီမှာ မြစ်ခြေမြို့ကို ရောက်ရှိချိန် ပစ်ခတ်ရှင်းလင်းဖမ်းဆီးခဲ့တာလို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

မြစ်ခြေမြို့ကို စစ်ကြောင်း၀င်ရောက်မှုနဲ့ နယ်မြေစစ်ရေးတင်းမာမှုတွေကြောင့် အခုမှ ထုတ်ဖော်အသိပေးတာလို့လည်း အထက်ပါတာ၀န်ရှိသူက ‌ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ကျွန်တော်တို့အဖွဲ့ရဲ့ မြေပြင်တပ်မှူးရဲ့ ဗျူဟာအောင် မြင်တယ်ပဲပြောရမယ်။အလင်း၀င်ချင်လို့ လာခေါ်ပါဆိုပြီး သူတို့ကိုမျှားခေါ်ခဲ့တာ။အဲဒါကို သူတို့က ညောင်ဦးတစ်ဖက်ကမ်းကနေ စက်လှေနဲ့လာခေါ်တာမှာ ကမ်းနားရောက်ခါနီးမှ အနီးကပ် ပစ်ခက်ရှင်းလင်းလိုက်တာ”လို့သူက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

၁၀ မိနစ်ကြာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ပျူစောထီးခေါင်းဆောင်နောင်နောင်က နေရာမှာပဲ သေဆုံးသွားခဲ့ပြီး နောက်လိုက် ၂ ဦးကို AK သေနတ် ၂ လက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် နောင်နောင်ဟာ ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်သလို ၂၀၂၁ က စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြကန့်ကွက်တဲ့ ပြည်သူတွေကို သတင်းပေးဖမ်းဆီးခိုင်းတာနဲ့ သူ့နေအိမ်မှာ စစ်တပ် တပ်စွဲနိုင်အောင် ‌လုပ်ဆောင်ခဲ့သူလို့ ‌ညောင်ဦး ဒေသခံတွေက အသိပေးပါတယ်။

ဒါ့အပြင် မေလ ၃၁ ရက်က မြစ်ခြေပေါ်မှာ စစ်ကြောင်းထိုး လူသတ်၊နေအိမ်မီးရှို့ဖျက်ဆီးနေတဲ့ ဗိုလ်မှူး ညဏ်လင်းဦးဆောင်တဲ့ စစ်ကြောင်းဟာ တပ်မ(၁၀၁)ကို ပြန်ဆုတ်ချိန် ထောင်ထားသောမိုင်းနင်းမိပြီး ဗိုလ်မှူးဉာဏ်လင်း အပါအ၀င် ၂ ဦးသေဆုံးတယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

“မြစ်ခြေရဲစခန်း သိမ်းခံထားရပြီးနောက်ပိုင်း ရဲစခန်းနဲ့ မီတာ၃၀၀အကွာမှာ သူတို့က ဘန်ကာတွေနဲ့အခိုင် အမာတပ်စွဲထားတယ်”လို့ မြစ်ခြေမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဒါ့အပြင် မြစ်ခြေမြို့နယ် အတွင်းရှစ်မျက်နှာဘုရားမှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook