Connect with us

Hi, what are you looking for?

News

ကျောက်ပန်းတောင်းမြို့တွင် လျှပ်စစ်ရုံးရှေ့ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ

ဆန္ဒထုတ်ဖော်သူသည် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်မှ သံပန်းလုပ်ငန်းလုပ်ကိုင်သည့် ကိုအောင်အောင်ဖြစ်သည်။

●၂၀၀၁-၂၀၀၂ ခုနှစ်များသို့ ပြန်မသွားလိုကြောင်းနှင့် အများပြည်သူ ၂၄နာရီ မီးလင်းပါစေကြောင်း ဆန္ဒပြုခဲ့

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ရှိ လျှပ်စစ်ရုံးရှေ့တွင် အမျိုးသားတစ်ဦးသည် ယနေ့ ဖေဖော်ဝါရီ ၁ရက် မနက်တွှင် မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ ဆန္ဒထုတ်ဖော်ခဲ့ရာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်သူသည် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်မှ သံပန်းလုပ်ငန်းလုပ်ကိုင်သည့် ကိုအောင်အောင်ဖြစ်သည်။

“လျှပ်စစ်ရုံးရှေ့ သူ့ဟာသူ ဓာတ်ဆီလောင်းပြီး မီးရှို့ဆန္ဒပြတာ။ ယောက်ျားလေး ပြည်တော်သာထဲက” ဟု မြို့ခံက ပြောသည်။ ဆန္ဒပြ အမျိုးသား၏ အသက်အန္တရာယ် စိုးရိမ်နေရပြီး ၎င်းကို ဆေးရုံတင်ထားသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့​သော အမျိုးသားက” ၂၄ နာရီလုံး အများပြည်သူ+ပြည်သားမီးလင်းပါစေ ၊ ၂၀၀၁+ ၂၀၀၂ ပြန်မသွား ” ဟုစာရေး၍ ဆန္ဒထုတ်​ဖော်ခဲ့သည်ကို​တွေ့ရသည်။

“ဒီလိုမျိုးဟာတော့ ပထမဆုံးအကြိမ်ပဲ။ တော်တော်ခံစားချက် ပြင်းလို့ဖြစ်မယ်။ တို့မြို့ကလည်း လျှပ်စစ်မီးက ပြတ်လိုက်လာလိုက်က ကြာပြီလေ။ မြို့နားပတ်ချာလည်က မီးတွေဖြတ်ကုန်ပြီ။ မီတာဘီလ်မဆောင်လို့ဆိုပြီး တော်တော်များများကို ဖြတ်တာ” ဟု ကျောက်ပန်းတောင်းမြို့ခံက ပြောသည်။

ကျောက်ပန်းတောင်းမြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ အားကောင်းခဲ့သည့် မြို့ဖြစ်ပြီး အသံတိတ် သပိတ်အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် မြို့သူမြို့သားများ တက်ကြွစွာ ပါဝင်နေသော မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်ထဲက အင်ပင်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ရွာပြင်မှာစွန့်ပစ်ထားခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ဆိုင်ကပ်မရပ်လို့ဆိုပြီး ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲဝင်ပြီး ဓါးပြတိုက်သွားကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်ချင်းဆက်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျုစောထီး အဖွဲ့က ခရီးသွားလူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။