Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းမှာ ဆိုင်ကယ်မရပ်လို့ဆိုပြီး ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ပစ်သတ်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ဆိုင်ကပ်မရပ်လို့ဆိုပြီး ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ-၁၉၊၂၀၂၅။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ဆိုင်ကပ်မရပ်လို့ဆိုပြီး ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မနက် ၉ နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပေါက်သစ်ရွာထိပ်၊ ပွေးကျစ်လမ်းမပေါ်မှာ ဆိုင်ကယ်တွေကို စစ်ဆေးငွေတောင်းနေတဲ့ ပျူစောထီးအုပ်စုက ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်မရပ်လို့ဆိုပြီး နေရာတင်ပစ်သတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့ သတင်းစုံစမ်းဆဲပါ။ ပစ်သတ်ခံရတဲ့ ရွာသားကတော့ ရွာလုရွာက ရွာသားပဲလို့ သိရပါတယ်”လို့ ကျောက်ပန်း​တောင်း မြေပြင်အခြေအနေတွေကို ရေးသားနေတဲ့ KPG Update News အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် အသတ်ခံရတဲ့ အမျိုးသားရဲ့အချက်အလက် အသေးစိတ်ကို မသိရသေးပါဘူး။

ကျောက်ပန်းတောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းကစပြီး စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ပြည်သူဖမ်းဆီးခံရမှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။