Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့ရှိ စစ်ကောင်စီလက်ပါးစေ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများကို တော်လှန်ရေးအင်အားစုများ သတိပေး

အကြမ်းဖက်စစ်ကောင်စီအတွက် ပြည်သူများထံမှ အခွန်ကောက်ခံမှုပြုလုပ်ပါက ခိုင်းစေသူအပါအဝင် ကောက်ခံသူ၏ မိသားစုများပါမကျန် တော်လှန်ရေးအင်အားစုများမှ ၎င်းတို့၏ အသက်အား အာမခံမည် မဟုတ်ကြောင်း သတိပေးထားသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် စစ်ကျွန်အဖြစ် တာဝန်ထမ်းဆောင်နေသော စည်ပင်သာယာရေးဦးစီးဌာနနှင့် လျှပ်စစ်ဦးစီးဌာနမှဝန်ထမ်းများအနေဖြင့် ပြည်သူများခက်ခဲနေချိန်တွင် စည်ပင်အခွန်၊ လျှပ်စစ်မီတာကြေးကောက်ခံခြင်းများ မပြုလုပ်ရန် ဝက်လက်မြို့နယ်တော်လှန်ရေးအင်အားစုများက ယနေ့(ဖေဖော်ဝါရီ ၂ ရက်)တွင် သတိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီအတွက် ပြည်သူများထံမှ အခွန်ကောက်ခံမှုပြုလုပ်ပါက ခိုင်းစေသူအပါအဝင် ကောက်ခံသူ၏ မိသားစုများပါမကျန် တော်လှန်ရေးအင်အားစုများမှ ၎င်းတို့၏ အသက်အား အာမခံမည် မဟုတ်ကြောင်း သတိပေးထားသည်။

“ဒီအချိန်က သတိတွေပေးရမယ့်အချိန်မဟုတ်တော့ဘူး။ စစ်ခွေးတွေအာဏာသိမ်းတာလည်း တစ်နှစ်ကျော် ပြီဆိုတော့ ကွဲကွဲ ပြားပြား ဖြစ်အောင်လုပ်ကြဖို့ တိုက်တွန်းချင်တယ်”ဟု ဝက်လက်မြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များပေါ်တွင် တစ်နိုင်ငံလုံးရှိ ပြည်သူများမှ နည်းမျိုးစုံဖြင့်တော်လှန်နေသည်မှာ ကမ္ဘာအသိ ယနေ့ထက်တိုင် ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီယန္တရားများမလည်ပတ်နိုင်စေရန် အခွန်အခများ မကောက်ခံရေးတော်လှန်ရေးအင်အားစုများမှ ဆောင်ရွက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။